နိုင်ငံရဲ့နျူကလီးယားအင်အားကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း အမိန့်ပေး
Pika (NSS) - မေ ၁၈
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ နိုင်ငံရဲ့နျူကလီးယားအင်အားကို ပိုမိုလျင်မြန်စွာအားကောင်းလာစေဖို့အတွက် ထုတ်လုပ်မှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ကင်ဂျုံအန်းဟာ လမ်းညွှန်စနစ်အသစ်နဲ့အတူ မဟာ ဗျူဟာမြောက် ပဲ့ထိန်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ KCNA သတင်းဌာနက မေလ(၁၈)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။ကင်ဂျုံအန်းဟာ မေလ(၁၇)ရက်နေ့မှာ လက်နက်စက်ရုံတွေကို သွားရောက်လည်ပတ်ခဲ့ပြီး ရန်သူတွေနဲ့ဖြစ်ပွားလာနိုင်ခြေရှိတဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေကို ရင်ဆိုင်ဖို့နဲ့ ထုတ်လုပ်မှုတွေကို ပိုမိုအရှိန်မြှင့်တင်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ KCNA ကရေးသားဖော်ပြထားပါတယ်။ ဒီလိုနည်းစနစ်တွေနဲ့အတူ ရန်သူတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုက်ခိုက်ရေး အနေအထားကို ကြောက်လန့်သွားလိမ့်မယ်လို့ ကင်ဂျုံအန်းကပြောဆိုခဲ့ပါတယ်။
မေလ(၁၇)ရက်နေ့မှာ မြောက်ကိုရီးယားအစိုးရဟာ ၎င်းရဲ့နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ပြင်ထဲကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုယ်ပျောက်တိုက်လေယာဉ်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ပြီးတဲ့နောက် တစ်ရက်အကြာမှာ မြောက်ကိုရီးယားရဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေကို တစ်လက်မလောက် ကျူးကျော်မယ်ဆိုရင်တောင် စစ်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ ကင်ဂျုံအန်းက ယခင်ကသတိပေးပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟုမ္မလင် ပကဖ ၏ စက်သုံးဆီရောင်းချရေး ကန့်သတ်မှုမှာ ၎င်းတို့အကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ