သာသနာတော်အတွက် သာမဏေစီမံကိန်းကို ပထမဆုံးအကြိမ် စတင်အကောင်အထည်ဖော်ရန်စီစဉ်
သုတကျော် (NSS) - မေ ၁၄
သာသနာတော်တွင် အရေအတွက် နည်းပါးလာသည့် ကိုရင်များ တိုးပွားစေရန်နှင့် မိဘများ၏ သောကပြေပျောက်စေရန် နှစ်ဖက်ရသမဏေ စီမံကိန်းကို ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီမံကိန်းကို ဆောင်ရွက်သည့် အရဟံဖောင်ဒေးရှင်းမှ ဦးဆောင်သူ ဆရာ တော် အရှင်တေဇနိယက NSS ကို မိန့်ကြားသည်။
အရဟံဖောင်ဒေးရှင်းအနေဖြင့် စီမံကိန်းလေးရပ် အကောင်အထည်ဖော်ရန် စီစဉ်ထားရာတွင် အရဟံ သာသနာပြု ဓမ္မကောလိပ်စီမံကိန်း၊ နှစ်ဖက်ရ သာမဏေစီမံကိန်း၊ အရဟံ သာသနာပြုအဖွဲ့ခွဲ စီမံကိန်းနှင့် လူပုဂ္ဂိုလ်များအတွက် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံကိန်းပါဝင်ကာ လက်ရှိတွင် အရဟံသာသနာပြု ဓမ္မကောလိပ်စီမံကိန်းနှင့် အရဟံသာသနာ ပြုအဖွဲ့ခွဲ စီမံကိန်းကို အကောင်အထည်ဖော်နေကာ နေရာရရှိပါက နှစ်ဖက်လှသာမဏေ စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းအတွက် ရည်မှန်းထားသည့်နေရာမှာ ရန်ကုန်ဧရိယာအတွင်းဖြစ်ပြီး အဆင့်လိုက်အကောင်အထည်ဖော်မည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းရှိ ဘုန်းကြီးကျောင်းများ၌ ကိုရင်များ နည်းပါးနေရသည့် အကြောင်းအရင်းကို လေ့လာသည့်အခါတွင် ပညာရေးကြောင့်ဟုတွေ့ရပြီး ယခင်က ဘုန်းတော်ကြီးကျောင်း ပညာရေးအားကောင်းခဲ့သော်လည်း ယခုအခါ ဘွဲ့ရရေးပဓာနဖြစ်သောကြောင့် ဘုန်းကြီးကျောင်းသို့ ကလေးများ စာ သင်ရန် မလာတော့သည့်အတွက် ကလေးငယ်များ ဘာသာရေးနှင့်ဝေးသွားကာ ကိုယ်ကျင့်တရား အား နည်းသွားနိုင်ကြောင်း၊ ကလေးငယ်များဘုန်းကြီးကျောင်းသို့ လာမည့်နည်းကို စဉ်းစားရာတွင် မိဘများက တက္က သိုလ်ဘွဲ့မရသည့်အတွက် စိုးရိမ်စိတ်ကိုလည်း ဖြေဖျောက်ရာကျစေရန်အတွက် နှစ်ဖက်ရ သာမဏေစီမံကိန်းကို ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း ဆရာတော်က မိန့်ကြားသည်။
“ကိုရင်တွေ တက္ကသိုလ်ဝင်တန်းပြီးတဲ့အထိ ကျန်တဲ့ ငါးရက်၊ ကျောင်းဖွင့်တဲ့ ငါးရက်ကို အတန်းကျောင်းမှာတက်၊ ပိတ်တဲ့ နှစ်ရက်ကိုဖြင့် ဘာသာရေး အခြေခံတွေသင်ပေးမယ်။ လောကီရော လောကုတ္တရာ ပညာရေး နှစ်ဖက်ရပေါ့။ သူတို့ တက္ကသိုလ်ဝင်တန်းပြီးပြီဆိုရင် သူတို့အသက်အရွယ်၊ ဦးနှောက်ဖွံ့ဖြိုးမှုကလည်း အင်မတန်အားကောင်းတဲ့ အရွယ်ဖြစ်သွားပြီ။ စာပေတွေက ဗုဒ္ဓ၊ ဓမ္မ စာပေတွေကလည်း သူတို့ ဉာဏ်ပေါက်တဲ့အချိန်နဲ့ ကွက်တိ သွားတိုးရင် ခဏလေးနဲ့ စာမေးပွဲတွေ အောင်နိုင်တယ်။ ဥပမာအားဖြင့် ဦးဆေကိန္ဒတို့၊ ဦးဆန္ဒာဓိက တို့လိုပေါ့။ ဘွဲ့ရပြီးမှ ပရိယတ္တိစာပေကို ဇောက်ချ လုပ်တယ်။ အသက်အရွယ် ဉာဏ်အမြော်အမြင် ကြီးရင့်တဲ့အချိန်နဲ့ ပရိယတ္တိစာပေခက်ခဲတဲ့ အချိန်တွေ့တဲ့အခါကျ ငယ်ငယ်တည်းက ပရိယတ္တိလုပ်တာထက် တစ်ခါတည်းထိရောက်တယ်လို့ သုံးသပ်တယ်”ဟု ဆရာတော် အရှင်တေဇနိယက မိန့်ကြားသည်။
မိဘများအနေဖြင့် ဗုဒ္ဓ၊ ဓမ္မစာပေများသည် လောကီနယ်ပယ် အသက် မွေးရန် အထောက်အပံ့မဖြစ်ဟုဆိုခြင်းအတွက်လည်း ပြေပျောက်ရာ ရောက်စေရန်အတွက် ငယ်ရွယ်စဉ်တွင် ဗုဒ္ဓ၊ ဓမ္မ စာပေ အခြေခံသင်ကာ ဉာဏ်ပွင့်ချိန်မှ ပရိယတ္တိစာပေကို သင်ကြားစေခြင်းဖြစ်ပြီး လူထွက်ပါကလည်း လောကီနယ်ပယ်တွင် ပညာလည်းတတ်၊ စာရိတ္တလည်းမြတ်သော နိုင်ငံအတွက်၊ မိသားစုအတွက် အကျိုးပြုနိုင်သော သူများဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နေရာကို စောင့်နေကာ နေရာရရှိပြီဆိုပါက နှစ်ဖက်ရ သာမ ဏေစီမံကိန်းကို အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်္ကာပူ၏ ဝန်ကြီးချုပ်သစ်ရာထူးကို ဆက်ခံသွားမည့် Lawrence Wong
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း