စင်္ကာပူ၏ ဝန်ကြီးချုပ်သစ်ရာထူးကို ဆက်ခံသွားမည့် Lawrence Wong
ALynn (NSS) - မေ ၁၄
ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ရာထူး ရယူထားသော Lawrence Wong သည် စင်္ကာပူဝန်ကြီးချုပ်သစ် အဖြစ် မေလ ၁၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကျင်းပပြီး အာဏာကို လွှဲပြောင်းရယူ မည်ဖြစ်သည်။
၎င်းသည် အသက် ၅၁ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး နိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ်လီကွမ်ယု ၏ အကြီးဆုံးသားဖြစ်သူ ဝန်ကြီးချုပ်လီရှန်လွန်း နေရာတွင် အစားထိုးသွားမည်ဖြစ်သည်။ Wong သည် စင်္ကာပူ၏ လွတ်လပ်သောနိုင်ငံ အဖြစ် ၅၉ နှစ်ကြာ သမိုင်းသက်တမ်းအတွင်း စတုတ္ထမြောက် ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။ ၎င်းသည်လည်း အရှေ့ကခေါင်းဆောင်များနည်းတူ အကြီးအကဲ Lee နှင့် ပူးတွဲတည်ထောင်ခဲ့သည့် တစ်ခုတည်းသော လက်ရှိ အာဏာရပါတီ People's Action Party (PAP) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စင်္ကာပူနိုင်ငံသားလည်း ဖြစ်သည်။
လက်ရှိအစိုးရသက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိဖြစ်ပြီး သက်တမ်းမကုန်ဆုံးသေးသော်လည်း ယခုနှစ် အစောပိုင်းတွင် လူဦးရေ ၆ သန်းခန့်သာရှိသည့် နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် ယခုကတည်းက ပြင်ဆင်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် PAP သည် မဲအရေအတွက် ၆၁ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ၉၈ နေရာရှိသောပါလီမန်တွင် အတိုက်အခံများထံ ၁၀ နေရာသာ ရှုံးနိမ့်ခဲ့သည်။ Wong သည် PAP ပါတီ၏ လွှမ်းမိုးနိုင်မှုဩဇာကို ဆက်လက်ထိန်းထားရန် ကြိုးပမ်းရမည်ဖြစ်သည်။ Wong ရင်ဆိုင်ရမည့် အပြင်းထန်ဆုံးသော ပြဿနာများတွင် လူနေမှုစရိတ် မြင့်တက်လာမှု၊ သက်ကြီးရွယ်အိုဦးရေ၊ စီးပွားရေးနှေးကွေးမှု နှင့် လူဝင်မှုကြီးကြပ် ရေးတို့ကို အဓိက ကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်သည်။
ထို့ပြင် စင်္ကာပူကျွန်းငယ်လေးသည် စူပါပါဝါနှစ်နိုင်ငံစလုံး၏ အဓိကမဟာမိတ်ဖြစ်သောကြောင့် Wong သည် လက်ရှိ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုများအတွင်းနိုင်ငံကို ကောင်းစွာထိန်းကျောင်းဖို့ လိုအပ်မည်ဖြစ်သည်။
ယခုအချိန်တွင် Wong ကို ဝန်ကြီးချုပ်အဖြစ် ဆက်ခံရန် ရွေးချယ်ထားသော်လည်း ၎င်းမှာ ပထမ ဦးစားပေး ရွေးချယ်ခံရသူတော့ မဟုတ်ခဲ့ပါ။ ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ်လီ၏ နေရာကို ဆက်ခံရန် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း နှင့် ပညာရေးဝန်ကြီးဖြစ်သည့် ၆၃ နှစ်အရွယ် Heng Swee Keat ကို လျာထားခဲ့ဖူးသည်။
သို့သော် ၂ နှစ်ခွဲအကြာတွင် ၎င်းသည် ရာထူးမှဆင်းပေးခြင်းကြောင့် နိုင်ငံရေးတွင် ဂယက်အနည်းငယ် ရိုက်ခတ်ခဲ့ သည်။ ၎င်းကမူ အသက်အရွယ်အရ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
သမိုင်းကြောင်းအရ စင်္ကာပူတွင် ခေါင်းဆောင်ပိုင်းဆက်ခံမှုသည် အဆင်ပြေချောမွေ့သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဆက်ခံသူကို ကြိုတင်ကြေညာပြီး နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ပထမဦးစားပေးရွေးချယ်ခံထားရသူ Heng ရုတ်တရက် ထွက်ခွာသွားခြင်းမှာ မကြုံစဖူးပင် ဖြစ်သည်။ Wong သည် ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီး နှစ်လအကြာတွင်မှ လီ၏ လက်ထောက် ဖြစ်လာခဲ့သည်။ လီသည် ဝန်ကြီးချုပ် ရာထူးကို မရယူမီ ၁၄ နှစ်ကြာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့် နှိုင်းယှဉ် ကြည့်လျှင် Wong ၏ ဆက်ခံသူအဖြစ် လမ်းကြောင်းမှာ တိုတောင်းလွန်းနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချောက် နှင့် ရေနံချောင်း တစ်ဝိုက်တွင် အပင်ပေါင်း (၁၀ဝဝဝ) စိုက်ပျိုးရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ