အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ် အတည်ပြု
ဂျန်ဇက် (NSS) - ဧပြီ ၂၁
ကမ္ဘာကျော် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok ကုမ္ပဏီပိုင်ရှင်တွေဟာ အဲဒီလူမှုကွန်ရက်ကိုရောင်းချမှုမရှိဘူးဆိုရင် အမေရိကန်အောက်လွှတ်တော်အမတ်များက TikTok ကိုအမေရိကန်နိုင်ငံအတွင်း အသုံးပြုတာတွေ ပိတ်ပင်မယ့် ဥပဒေမူကြမ်းတစ်ရပ်ကို တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ဖို့ အစိုးရက ပြီးခဲ့တဲ့လတွေအတွင်း တိုက်တွန်းတောင်းဆိုလာခဲ့ပြီးနောက် အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ TikTok ကို နိုင်ငံအတွင်း အသုံးပြုခြင်းမှ ပိတ်ပင်ဖို့ သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ ပိုမိုရရှိခဲ့ကြောင်းသိရပါတယ်။ TikTok အသုံးပြုမှု တားမြစ်ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၆၀ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၅၈ မဲရရှိခဲ့ကြောင်းသိရပါတယ်။ TikTok လူမှုကွန်ရက်ကို ByeDance ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး တရုတ်အစိုးရဟာ အဲဒီလူမှုကွန်ရက်ကို အသုံးချပြီး အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အရေးကြီးတဲ့အရာတွေကို စုံစမ်းထောက်လှမ်းနေတယ်လို့ ဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပါတယ်။ TikTok လူမှုကွန်ရက်ကို ပိုင်ဆိုင်ထားသူဟာ တရုတ်နိုင်ငံသားဖြစ်နေတဲ့အတွက် အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဖွယ်ရှိတယ်လို့ အောက်လွှတ်တော်အမတ်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံး ဆွေးနွေးမှာဖြစ်ပြီး ပိတ်ပင်မယ့်မူကြမ်းကိုခွင့်ပြုခဲ့မယ်ဆိုရင် အမေရိကန်သမ္မတက ပိတ်ပင်မယ့်ဥပဒေအဖြစ် သတ်မှတ်ရေးဆွဲဖို့ လက်မှတ်ရေးထိုးသွားဖွယ်ရှိနေပါတယ်။ TikTok လူမှုကွန်ရက်ကို ပိတ်ပင်လိုက်ခြင်းဟာ အမေရိကန်နိုင်ငံသား သန်း ၁၇၀ ရဲ့လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှုတွေ ထိခိုက်ဖွယ်ရှိနေသလို အမေရိကန်နိုင်ငံသား ၇ သန်းကျော်ရဲ့အသေးစားစီးပွားရေးလုပ်ငန်းများထိခိုက်ဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နိုင်ငံက ကလေးကစားစရာအရုပ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းမျိုးသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ