"အလ္လာဟ်" စကားလုံးနဲ့ အလှဆင်ထားတဲ့ခြေအိတ် ရောင်းချမှုကြောင့် မလေးရှားမီနီမတ် တရားစွဲခံရ
ရောင်နီ (NSS) - မတ် ၂၇
မလေးရှားနိုင်ငံရှိ မီနီမတ်ဆိုင်ခွဲတစ်ခုမှာ “အလ္လာဟ်” ဆိုတဲ့ စကားလုံးနဲ့ အလှဆင်ထားတဲ့ ခြေအိတ်အချို့ ရောင်းချ နေခြင်းကြောင့် အင်္ဂါနေ့ (မတ် ၂၆ ရက်) က ဘာသာရေးဆိုင်ရာထိခိုက်နာကျင်စေမှုနဲ့ တရားရုံးမှ တရားစွဲဆိုခဲ့ပါတယ်။
အဆိုပါအမှုဟာ မလေးရှားဘုရင်ထံမှ ရှားရှားပါးပါး တော်ဝင်အပြစ်တင်မှုကို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ရမ်ဇာန်ဥပုသ်လအတွင်းမှာ ရောင်းချမှု ပြုလုပ်ခြင်းကြောင့် အချို့မွတ်စလင်တွေက ၎င်းတို့ကို စော်ကားတယ်လို့ ယူဆကာ ကန့်ကွတ်ခဲ့ပြီး လူမှုမီဒီယာမှာ အဆိုပါခြေအိတ်ပုံများ ပျံ့နှံ့ခဲ့ပါတယ်။
ဒါကြောင့် ပြည်တွင်းဆိုင်ခွဲ KK Super Mart ရဲ့ အမှုဆောင်အရာရှိချုပ် ချိုင်ကီကန် (၅၇) နှစ်နဲ့ ကုမ္ပဏီ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၎င်းရဲ့ဇနီးတို့ဟာ မွတ်စလင်အများစုနေထိုင်ရာနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာခံစားချက်တွေအပေါ် တမင်တကာ ထိခိုက်စေမှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့ဟာ အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။ KK Super Mart က ခြေအိတ်တွေအတွက် တောင်းပန်ခဲ့ပြီး အဆိုပါကိစ္စကို အလေးအနက်ထားတဲ့အနေနဲ့ ရောင်းချ မှုကို ချက်ချင်းရပ်တန့်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စလာမ်ဘာသာဟာ မလေးရှားနိုင်ငံရဲ့တရားဝင်ဘာသာရေးဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၃၄ သန်းဟာ မလေး-မွတ်ဆလင်တွေဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီး K POP အဖွဲ့ Twice ရဲ့ အဖွဲ့ဝင်ဂျီဟို Olympic skeleton ရွှေတံဆိပ်ဆုရှင် ယန်ဆန်ဘင်းနဲ့ dating သတင်းထွက်လာ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း