အသံထက်မြန်သောဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း အမေရိကန်လေတပ်ပြော
Pika (NSS) - မတ် ၂ဝ
အမေရိကန်လေတပ်က ၎င်းတို့သည် ဝေဟင်ပစ် အသံထက်မြန်သောဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာအတွင်း အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း မတ်လ(၁၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Air-launched Rapid Response Weapon (ARRW) ဒုံးကျည်ကို သယ် ဆောင်လာသော B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သည် ဂူအမ်ကျွန်းမှထွက်လာခဲ့ပြီးနောက် မတ်လ(၁၇)ရက်တွင် စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ အမေရိကန်လေတပ်သည် အသံထက်မြန်သည့်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ၎င်း၏ပျံသန်းမှုအမြန်နှုန်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ယခင်က အမေရိကန်လေတပ်က လုပ်ဆောင်ခဲ့သော စမ်းသပ်ပစ်လွှတ်မှုများတွင် ARRW ဒုံးကျည်သည် အသံ၏အမြန်နှုန်းထက် အနည်းဆုံး(၅)ဆ ပိုမြန်သည့်နှုန်းဖြင့် ပျံသန်းခဲ့ကြောင်းသိရသည်။
သို့သော်လည်း အသံထက်မြန်သောဒုံးကျည်များကို တီထွင်ထုတ်လုပ်သည့် နိုင်ငံမှာ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်း မဟုတ်ကြောင်းလည်းသိရသည်။အသံထက်မြန်သော ဒုံးကျည်၏ အမြန်နှုန်းနှင့် စွမ်းရည်များကြောင့် ၎င်းတို့ကို ခြေရာခံရန် သို့မဟုတ် ကြားဖြတ်ဟန့်တားမှုများလုပ်ဆောင်ရန် ခက်ခဲကြောင်းလည်း သိရသည်။ ရုရှားနိုင်ငံသည် ယူကရိန်းရှိပစ်မှတ်များကို အသံ ထက်မြန်သော ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံကလည်း အသံထက်မြန်သော ဒုံးကျည်များကို စမ်းသပ်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ အရာရှိများက ပြောဆိုခဲ့သည်။ အသံထက်မြန်သောဒုံးကျည်များကို စမ်းသပ်မှုများ မလုပ်ဆောင်ခဲ့ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ်အောက်တိုဘာလတွင် ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သန်လျင် ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ခွင့်အတွက် ကုမ္ပဏီ (၇ )ခု တင်ပြထားပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကဲ့သို့ မဖြစ်ရန် လိုအပ်ဟုဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ