မဲဆွယ်စည်းရုံးရေး ကန်ပိန်းတွင် TikTok ကို အသုံးပြုမည်ဆိုသော သမ္မတ ဂျိုးဘိုင်ဒန်၏ဆုံးဖြတ်ချက်ကို အမေရိကန်အထက်လွှတ်တော် ဝေဖန်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၄
အမေရိကန်အစိုးရသည် တရုတ်နိုင်ငံ၏ ကမ္ဘာကျော် လူမူကွန်ရက်တစ်ခုဖြစ်သော TikTok ကို အ သုံးမပြုရန် တားမြစ်ချက်များထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင်က ၎င်း၏မဲဆွယ်စည်းရုံးပွဲများတွင် TikTok အက်ပလီကေးရှင်းကိုအသုံးပြုရန် စီစဉ်လာခဲ့ရာ ဝေဖန်မှုများ မြင့်တက်လာခဲ့ကြောင်းသိရသည်။
အမေရိကန် အထက်လွှတ်တော်၏ စုံစမ်း ထောက်လှမ်းရေးကော်မတီက TikTok အက်ပလီ ကေးရှင်းကို မဲဆွယ်စည်းရုံးရေး ကန်ပိန်းအတွင်း အသုံးပြုမည့် သမ္မတဂျိုးဘိုင်ဒန်၏ ဆုံးဖြတ်ချက်ကို စိုးရိမ်မိကြောင်းသတင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန် ဒီမိုကရက်တစ်ပါတီ၏ အထက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော မက်ဝါနာ က တရုတ်နိုင်ငံပိုင် TikTok နှင့်ပတ်သက်ပြီး နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်ရသလို မဲဆွယ်စည်းရုံးရေးကာလအတွင်း TikTok ကို အသုံးပြုမည့် သမ္မတဂျိုးဘိုင်ဒန်၏ အစီအစဉ်ကို စိုးရိမ်မိကြောင်း ပြောသည်။
မက်ဝါနာက “ကျွန်တော်တို့ဟာ TikTok အက်ပလီကေးရှင်းကို တားမြစ်ပိတ်ပင်ထားတဲ့ အိန္ဒိယနိုင်ငံအတိုင်း လုပ်ဆောင်ဖို့ နည်းလမ်းရှာရမယ်။ ရောထွေးနေတဲ့ မက်ဆေ့အတွက် စိုးရိမ်ပူပန်မှုတွေဖြစ်ရတယ်” ဟုပြောသည်။
အမေရိကန်အစိုးရအပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့သည် ပြီးခဲ့သောနှစ်အတွင်း အစိုးရဝန် ထမ်းများကို TikTok အသုံးမပြုရန်ပိတ်ပင်တားမြစ် ခြင်းများရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် TikTok အက်ပလီကေးရှင်းကို အသုံးပြုပြီး အမေရိကန်နိုင်ငံနှင့်ပတ်သက်ပြီး အရေးကြီးသော အချက် အလက်များကို စုံစမ်းထောက်လှမ်းနေကြောင်း စွပ်စွဲ ဝေဖန်မှုများရှိခဲ့သည်။ TikTok သည် အမေရိကန်နိုင်ငံမှ ထုတ်လုပ် နေသော Facebook အပြင် တွစ်တာတို့နှင့် အပြိုင် ဖြစ်နေပြီး ကမ္ဘာတွင်လူကြိုက်များသော လူမူကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဒရမ်မာဇာတ်လမ်းတွဲ “The White Lotus” season 3 မှာ မြင်တွေ့ရတော့မယ့် လီဆာ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ