ရန်ကုန်၌ အသံတိတ်သပိတ်နှင့်အပြိုင် ဗုဒ္ဓဘာသာအရေး တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
NSS - ဖေဖော်ဝါရီ ၁
ရန်ကုန်မြို့၌ အသံတိတ်သပိတ်လှုပ်ရှားမှုနှင့်အပြိုင် ဗုဒ္ဓဘာသာအရေးတက်ကြွလှုပ်ရှားသူများက ဗုဒ္ဓဘာသာ ဘုရားစေတီများဖျက်ဆီးမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲအား ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) တွင် ကျင်းပခဲ့သည်။
လက်ရှိအစိုးရကို ဆန့်ကျင်ကန့်ကွက်သူများက မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အသံတိတ်သပိတ် နှင့် အဖြူရောင်လှုပ်ရှားမှုများကို လုပ်ဆောင်ရန် ကြေညာထားသည်။ ရန်ကုန်မြို့တွင်း မြို့ပြင်အများစုတွင် အသံတိတ်သပိတ်ဆင်နွှဲသည့်အနေဖြင့် ဈေးဆိုင်များ ပိတ်ထားခြင်းနှင့် အိမ်ပြင်မထွက်ခြင်းများရှိသော်လည်း ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှ ဆိုင်အများစုသည် ဖွင့်လှစ်ထားကြသည်။
“ဆိုင်တွေဈေးတွေမပိတ်ဖို့ စည်ပင်က လိုက်ပြောထားတာတော့ ရှိတယ်။တချို့သူတွေက စားဝတ်နေရေးအတွက် ဆိုင်ဖွင့်ရတာတော့ရှိတယ်။ အလုပ်တွေက ပိတ်ရက် နဲ့ နီးနေလို့ အလုပ်မပိတ်တဲ့သူတွေလဲရှိပါတယ်”ဟု ရန်ကုန်မြို့တွင်း ဗိုလ်ကလေးဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း မြို့ပြင်မြို့နယ်အများစုတွင် လှုပ်ရှားသွားလာမှုနည်းပါးနေသော်လည်း နေ့လည်တစ်နာရီဝန်းကျင်တွင် မြို့တော်ခန်းမရှေ့၌ ဗုဒ္ဓဘာသာအရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ပွဲကျင်းပခဲ့သည်။ ဆန္ဒပြပွဲတွင် လူဦးရေ (၃ဝဝဝ) ဝန်းကျင်ခန့်ပါဝင်ခဲ့ကြောင်း သိရသည်။
“ဗုဒ္ဓဘာသာကို ထိခိုက်လာတဲ့အတွက် ဆန္ဒထုတ်ဖော်တာပါ။ စစ်တပ်ကလဲ ခြောက်အလီနဲ့ သက်တမ်းတိုးနေတာဟာလဲ လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုတွေကြောင့်ပါ”ဟု အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်ကပြောသည်။
ဆန္ဒပြပွဲတွင် လောက်ကိုင်မြို့ရှိ စေတီကို ဖျက်ဆီးမှုအား ကန့်ကွက်ခြင်း နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အပါအဝင် နစကကို ဆန့်ကျင်သော PDF များ၏ လုပ်ဆောင်ချက်များအပေါ် ကန့်ကွက်ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် တရုတ်နှင့်ရုရှားတို့ သဘောတူ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း