စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် တရုတ်နှင့်ရုရှားတို့ သဘောတူ
Pika (NSS) - ဖေဖော်ဝါရီ ၁
တရုတ်နှင့်ရုရှားတို့သည် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ဇန်နဝါရီလ(၃၁)ရက်က သဘောတူညီခဲ့ကြကြောင်းသိရသည်။
တရုတ်ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံထားရသော ဒေါင်ဂျွန်သည် ဇန်နဝါရီလ(၃၁)ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူကို ဗီဒီယိုခေါ်ဆိုမှုများလုပ်ဆောင်ခဲ့ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုချဲ့ထွင်ကာ နှစ်နိုင်ငံကြားစစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို အမြင့်ဆုံးအဆင့်သို့မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဒေါင်ဂျွန်က "တရုတ်နဲ့ ရုရှားစစ်တပ်တွေဟာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ဖို့၊ အပြန်အလှန်ယုံကြည်မှုတွေကို တိုးမြှင့်ဖို့ နဲ့ တရုတ်-ရုရှားဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ် ဆောင်ပေးဖို့ လိုအပ်ပါတယ်"ဟု ဆာဂေးရှိုဂူကို ပြောဆိုခဲ့သည်။
ယခုနှစ်သည် တရုတ်နှင့်ရုရှားနိုင်ငံကြား သံတမန်ဆက်ဆံရေးများ ထူထောင်မှု(၇၅)နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးလုံးက မှတ်ချက်ပြုပြောဆိုခဲ့သည်။ အဆိုပါဆက်သွယ်မှုသည် ပြီးခဲ့သည့်လတွင် တရုတ်ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော ဒေါင်ဂျွန်၏ နိုင်ငံခြားအရာရှိ နှင့် ပထမဆုံးအကြိမ် လူသိရှင်ကြား ဆက်သွယ်မှုတစ်ခုဖြစ်ကြောင်းသိရသည်။ ရေတပ်ဦးစီးမှူးဟောင်းဒေါင်ဂျွန်သည် ပြီးခဲ့သည့်နှစ်အောက်တို ဘာလတွင် ကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံခဲ့ရသော လီရှန်ဖု၏ နေရာကို ဆက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်း လီရှန်ဖုကို ကာကွယ်ရေးဝန်ကြီးရာထူးမှ ဘာကြောင့်ဖယ်ရှားရသည်ဆိုသည့်အချက်ကို တရုတ်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးအစိုးရအတည်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ