ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးအစိုးရအတည်ပြု
Pika (NSS) - ဖေဖော်ဝါရီ ၁
ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းကွန်ရက်များကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီလ(၃၀)ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။
အစ္စရေးစစ်တပ်များက ၎င်းတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းပစ်ရန်အတွက် ကိရိယာအများအပြားကို တီထွင်ဖန်တီးကာ အသုံးပြုခဲ့ကြောင်း အစ္စရေးမီဒီယာများနှင့် မျှဝေထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အဆိုပါလုပ်ဆောင်မှုသည် မိုင်ပေါင်း(၃၅၀)မှ (၄၀၀)ကြားရှိသော ဥမင်လှိုဏ်ခေါင်းများအားလုံးကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်းနှင့် ယင်းစစ်ဆင်ရေးကြောင့် အချို့နေရာများတွင် ထိခိုက်ပျက်စီးမှုများရှိလာနိုင်ကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ရန်အတွက် ပင်လယ်ရေများကို အသုံးပြုနေခြင်းနှင့်ပတ်သက်ပြီး အစ္စရေးအစိုးရတာဝန်ရှိသူများက လက်ရှိအချိန်အထိ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။ သို့သော်လည်း အချို့နေရာများတွင် ရေစီးဆင်းမှုကို ရပ်တန့်စေနိုင်သည့် တံတိုင်းများ၊အတားအဆီးများရှိနေခြင်းကြောင့် ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခြင်းမှာ အစ္စရေးဖက်မှ မျှော်လင့်ထားသည့်အတိုင်း ထိရောက်မှုရှိမည်မဟုတ်ကြောင်း အမေရိကန်တာဝန်ရှိသူများကပြောကြားခဲ့သည်။
အစ္စရေးဖက်မှ ပင်လယ်ရေများဖြင့် ဖုံးလွှမ်းအောင်လုပ်ဆောင်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အထူးတပ်ဖွဲ့များ၊ စက်ရုပ်များဖြင့် ဝင်ရောက်စီးနင်းမှုများကို ဆက်လက်လုပ်ဆောင်နေသော်လည်း ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လှိုဏ်ခေါင်းကွန်ရက်များ၏ (၆၀)ရာခိုင်နှုန်းနှင့်(၈၀)ရာခိုင်နှုန်းကြားမှာ အကောင်းအတိုင်းကျန်ရှိနေဆဲဖြစ်ကြောင်း သတင်းစာများက ရေးသားဖော်ပြခဲ့သည်။အစ္စရေးအစိုးရ၏ ပင်လယ်ရေအသုံးပြုရန်အကြံသည် ဂါဇာကမ်းမြောင် ဒေသရှိ ရေချိုအရင်းအမြစ်များကို ညစ်ညမ်းစေနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်းကူးမြို့နယ်၌ ဒိုင်နာကားမှ ကားတစ်စီးအား ဝင်တိုက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ