လှည်းကူးမြို့နယ်၌ ဒိုင်နာကားမှ ကားတစ်စီးအား ဝင်တိုက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်တွင် ဒိုင်နာကားမှ ကားတစ်စီးအား ဝင်တိုက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လှည်ကူးမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် လှည်းကူးမြို့နယ်၊ ဝင်းဘော်တပ်ဂိတ်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက နောက်ကဝင်ဆောင့်ထားတဲ့ပုံစံပဲ။ ခေါင်းခန်းထဲမှာ လူတစ်ယောက်ညပ်နေတာပဲတွေ့လိုက်တယ်။ အဲဒါကိုထုတ်ပေးခဲ့တယ်။ ခန့်မှန်းချက်ကတော့ ဒိုင်နာပုံစံပဲ။ ရှေ့ကကားကြတော့ ယာဉ်ထိန်းရဲက သူတို့နဲ့မဆိုင်လို့ လွှတ်ပေးလိုက်ပြီ အတိအကျတော့ မသိတော့ဘူး”ဟု လှည်းကူးမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်မတော်တဆမှုကြောင့် ဒိုင်နားကားပေါ်မှ အမျိုးသားတစ်ဦးသည်ခြေထောက်နှင့် ရင်ဘတ်တို့တွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ၎င်းကို လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း၌ ယာဉ်တိုက်မှု အကြိမ်ရေ (၈၄၇)မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၄၂၆)ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ(၉၁၄)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ကို အာမေးနီးယားနိုင်ငံ တရားဝင် ဝင်ရောက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း