နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ကို အာမေးနီးယားနိုင်ငံ တရားဝင် ဝင်ရောက်
Pika (NSS) - ဖေဖော်ဝါရီ ၁
အာမေးနီးယားနိုင်ငံသည် ဖေဖော်ဝါရီလ(၁)ရက်တွင် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)တွင် တရားဝင်ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာမေးနီးယား မိတ်ဖက်နိုင်ငံ ရုရှားက အဆိုပါလုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်းသိရသည်။ ယူကရိန်းစစ်ပွဲအတွင်း ကလေးငယ်များကို တရားမဝင်ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)က ပြီးခဲ့သည့်နှစ် မေလတွင် ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်းလည်းသိရသည်။ ရုရှားသမ္မတပူတင်သည် အာမေးနီးယားနိုင်ငံထဲသို့ ခြေချခဲ့မည်ဆိုပါက ၎င်းကိုဖမ်းဆီးရန်အတွက် အာမေးနီးယားအစိုးရတွင် တာဝန်ရှိကြောင်းလည်း သိရသည်။
နိုင်ငံတကာ တရားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အာမေးနီးယားနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ် Yeghishe Kirakosyan က "အာမေးနီးယားနိုင်ငံဟာ ဖေဖော်ဝါရီလ(၁)ရက်ကနေ စတင်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) ကို တရားဝင် ဝင်ရောက်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)သို့ ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့သော အာမေးနီးယားအစိုးရ၏ ဆုံးဖြတ်ချက်သည် မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ်က ပြောဆိုခဲ့သည်။ အဆိုပါလုပ်ရပ်သည် ဖော်ရွေမှုမရှိသော ခြေလှမ်းတစ်ခုဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ အာမေးနီးယားနိုင်ငံသည် ရုရှား၏အမြဲတမ်းစစ်အခြေစိုက်စခန်း နေရာတစ်ခုဖြစ်ပြီး ဆိုဗီယက်သမ္မတနိုင်ငံဟောင်းများစွာပါဝင်သော စုပေါင်းလုံခြုံရေးစာချုပ် (CSTO)တွင် တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းဘက်က ပစ်လွှတ်လိုက်သော ဒုံးကျည်အစင်းရေ(၂၀)ကျော်ကို ဖျက်ဆီးပစ်ချခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ