Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချောင်းနှစ်ခွ (၅၁)ရက်တိုက်ပွဲ သို့မဟုတ် သက်ရှိစည်းရိုးတို့ရဲ့ စိတ်ဓာတ်ရေးရာအောင်ပွဲ (အပိုင်း - ၂)

မေး - ဟုတ်ကဲ့။ စစ်ကူတွေကကော ဘယ်လိုပုံစံမျိုးနဲ့ လာလဲ။ ဘယ်လိုအချိန်မှာ တိုးလာနိုင်လဲ။ 

ဖြေ - ကြားထဲက တစ်ခုလေးပြောပြမယ်။ ကျွန်တော်တို့စခန်းထဲကို DKBA အဖွဲ့ တစ်ခါဝင်လာခဲ့ဖူးတယ်။ တိုက်ပွဲရဲ့ (၃၈)ရက်မြောက်နေ့မှာ။ လာခဲ့ပြီးတော့ ဒီစခန်းကို  DKBA က ခဏထိန်းထားပေးမှာပေါ့နော်။ ကျွန်တော်တို့ကို အားလုံး ထုတ်သွားမယ်။ ပြီးတော့ နောက်တန်း ခဏပြန်ပါပေါ့။ အဲဒီလိုလာ ထုတ်တဲ့အခါ တစ်ခေါက်ရှိတယ်။ အဲဒီအချိန်မှာ  DKBA ခေါင်းဆောင်အကြီးပိုင်းတွေ ကိုယ်တိုင်လာတယ်။ လာပြီးတော့ ကျွန်တော်တို့အဖွဲ့တွေကို လာထုတ်တယ်။ ထုတ်တဲ့အချိန်မှာ ဆန်အိတ်တစ် အိတ်ပါလာခဲ့တယ်။ ကားပေါင်း (၁၇)စီးနဲ့သယ်ပြီးတော့ ကျွန်တော်တို့ပစ္စည်းတွေ တင်တယ်။ စခန်းကို သူတို့နဲ့ထားခဲ့မယ်။ နောက်တစ်ဖွဲ့ပြန်ရောက်လာရင် ဒီစခန်းကို သူတို့ပြန်ပေးမယ်။ ပြန်ပေးပြီးပြန် ထိုင်ပေါ့။ ကျွန်တော်တို့အဖွဲ့တွေက အရမ်းပင်ပန်းနေပြီ ဖြစ်တဲ့အတွက် ဒဏ်ရာရတွေကများလို့ ပြန်နားမယ်အစီ အစဉ်နဲ့လုပ်ခဲ့တဲ့အခါမှာ ကားပေါ်ကိုပစ္စည်းတွေ တင်ပြီးတဲ့အချိန်မှာပဲ ကျွန်တော်တို့က ခွင့်ပြုချက်မရဘူး။ ဒီပလန်က လုံးဝမူမမှန်ဘူး။ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်တာပေါ့နော်။ အဖမ်းခံရရင်လည်း ဖမ်းခံရနိုင်တယ်။ တစ်ဖက်လှည့် တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဆင်မပြေဘူး ကိုယ့်စခန်းကို ကိုယ်နေရာပြန်ယူပါဆိုတဲ့အမိန့်ပြန်ကျလာတဲ့အချိန်မှာ အဖွဲ့တွေအကုန်လုံး ကားပေါ်ကနေပြန်ဆင်းရတယ်။  တကယ်တမ်းဆိုရင်တော့ လာခေါ်တာတော့ မနက်ပိုင်းမှာ လာခေါ်တာ။ ဘယ်လိုပဲပြောပြာ ညနေ ပိုင်းလောက်တော့ မော်လမြိုင်ကို ရောက်နိုင်တယ်။ အဲဒီအချိန်မှာ အားလုံးပေါင်း (၆၀) ရှိသေးတယ်။ မသေတော့ဘူး ချည့်နဲ့နဲ့ဖြစ်နေတဲ့လူတွေလည်း ဆေးကုလို့ရပြီ။ အကုန်လုံးက ပျော်နေတဲ့အချိန်မှာပဲ ဒါက လုံးဝမူမမှန်ဘူး။ မဖြစ်နိုင်ဘူး။  တစ်ဖက်အဖွဲ့ အစည်းတွေပေါင်းပြီး ပါလာနိုင်တယ်။ လာခေါ်တဲ့ အဖွဲ့ထဲမှာကို ပါလာနိုင်တယ်။ ကျွန်တော်တို့ ဖမ်းခံရ နိုင်တယ်။ တစ်ဖက်လှည့်နဲ့ ခေါ်ထုတ်တယ်လို့ ယူဆ လို့ ကျွန်တော်တို့ စခန်းထဲမှာပဲ ပြန်နေခဲ့တယ်။ နေခဲ့တဲ့အချိန်မှာ သူတို့ ဆန်တစ်အိတ်ချပေးခဲ့တယ်။  သူတို့ကတော့ ပြောသွားတယ်။ ဗိုလ်ကြီးတို့စခန်းက ဒီပုံစံအတိုင်းဆို ကျတော့မှာဆိုပြီး။ လူလည်းမရှိ တော့ဘူး။ ပစ်နိုင်တဲ့အင်အားလည်း မရှိတော့ဘဲနဲ့ လူတွေက အခုလိုဖြစ်နေတဲ့အချိန်မှာ မကြာခင် ဟိုကောင်တွေ ဝင်လုံးလိမ့်မယ်ဆိုပြီးပြောတယ်။ အထက်ရဲ့ခွင့်ပြုချက် တွေမရရင် သူတို့လည်းပြန် တော့မယ်ဆိုပြီး မခေါ်ဘဲနဲ့ပြန်သွားကြတယ်။ မကြာဘူး ဟိုကောင်တွေဝင်လုံးတယ်။ နောက်နေ့မနက် မှာပဲ ဝင်လုံးခံရတယ်။ စခန်းအနေအထားကို သူတို့ သိသွားတာကိုး။ လူဘယ်နှယောက်ရှိတယ်။ ဘယ် လောက်ကနာနေတယ်။ ဘယ်လောက်ပဲ ကောင်းကောင်းကျန်နေတယ်။ အခြေအနေတွေကို သူတို့ မြင်သွားပြီဆိုတော့။ ပြီးတော့ ခဲယမ်းတွေကို မြင်သွားပြီ။ အဲဒီမှာ စစ်ကူကလည်းလာနေပြီ။ တိုးလို့ မရသေးဘူး။ ပိတ်ခံထားရတဲ့အတွက် တောင်ကလေး နားမှာရောက်နေပြီ စစ်ကူက။ ကျွန်တော်တို့နဲ့ဆို (၃)မိုင်လောက်ပဲလိုတော့တယ်။ အဲဒီညမှာပဲ သူတို့ ဝင်တိုးတယ်။ ဘယ်လိုတိုးလဲဆိုတော့ အရင်ဆုံးဝက် တွေကို စခန်းဘက်ကို ဦးတည်ပြီးတော့ လွှတ်တင်ပေးတယ်။ (၁၅)ကောင်လောက်ရှိမယ်။ အရင်ဆုံး ဝက်တွေပဲ စခန်းထဲကို တိုးလာတာ။ ပြေးလာအောင် နောက်က သူတို့က ပစ်တင် တင်တာ။ ဝက်တွေက ပြေးတယ်။ ကျွန်တော်တို့က ဝက်လားလူလားမသိ။ မမြင်ရဘူး။ ပြန်ပစ်တော့ ဝက်တွေကို ထိကုန်တာပေါ့။ ခြံစည်းရိုးနားမှာပဲ ဝက်တွေ (၆) ကောင်လောက် သေကုန်တယ်။ ပြီးတော့ ကျန်နေခဲ့တာ။ ဝင်လုံးတဲ့ အချိန်က (၅)နာရီ (၂၀)လောက်မှာ။  အလင်းရောင်ရတဲ့အချိန် မှာ ကြည့်တော့ ဝက်တွေဖြစ်နေတာ။ အဲဒီအချိန် ဝက် တွေကိုဆွဲမယ်။ ဆန်ကလည်း မရှိတော့ဘူး။ ဝက်တွေ ပဲစားလို့ရတော့တယ်။ အဲဒီဝက်တွေထဲက (၃)‌ ကောင်ဆွဲလို့ရတော့ ပြုတ်စားတယ်။ အဲဒီအချိန်မှာ စစ်ကူစစ်ကြောင်းက ကျွန်တော့်ဆီကို ဖုန်းဆက် တယ်။ သူတို့လာနေပြီ။ အနီးဆုံးနေရာမှာ ကပ်ထားပြီ ဆိုပြီးတော့။ အခုချိန် ဘာစားစရာရှိလဲဆိုတော့။ ကျွန်တော်တို့ဘက်ကလည်း ဝက်ရထားလို့ ဝက်စား နေတယ်လို့ပြန်ပြောလိုက်တယ်။ လောလောဆယ် လုံခြုံရေးကိုပဲ သေသေချာချာ ဂရုစိုက်ပြီးတိုးလာခဲ့ပါ လို့ ပြန်ပြောလိုက်တယ်။ စစ်ကူကတိုးတယ်။  BGF က နောက်ကနေပေါင်းပေးတယ်။ လမ်းကြောင့်ဖြန့် ပေးတယ်။ အင်အား လည်း တော်တော်များပါတယ်။ စစ်ကူက (၈၁) တပ်ရင်းရယ်။ (၄၃၂) တပ်ရင်းရယ်။ နှစ်ကြောင်းတိုးလာတာ။ စစ်ကြောင်း နှစ်ကြောင်း။ ရက်ပေါင်း (၄၃) ရက်မြောက်လောက်မှာ ဟိုဘက် ကမ်း မုဒုံဘက်အခြမ်း၊ တံတားရဲ့ဟိုဘက်ခြမ်းကို အကုန်လုံးသိမ်းလိုက်နိုင်ပြီ။ တစ်ဖက်ကမ်းမှာ ရောက်နေတယ်ဆိုပေမယ့် အတ္ထရံမြစ်ကိုကူးပြီးမှ ကျွန်တော် တို့ဆီကိုရောက်မှာဆိုတော့။ ဒီဘက်ခြမ်းမှာ ရန်သူက ကမ်းစပ်ဘက်ခြမ်းမှာ အကုန်လုံးဖြန့်ပြီးတော့ စောင့် ပြီးနေရာယူ ထားတော့ သူတို့ချက်ချင်း ကူလာတို့မရဘူး။ တံတားလည်းချိုးခံထားရတော့။ အဲဒါနဲ့အမျိုး မျိုးစီစဉ်ကြည့်တယ်။ လှေနှစ်စင်းချ။ ပြီးတော့ (၁၆)ယောက်တင်ပြီးတော့ ကူးဖို့ လှေပေါ်တက်တဲ့အချိန်မှာပဲ ရန်သူဘက်ကလှမ်းပစ်တယ်။ အထိအခိုက်ရှိ တော့ နောက်ကိုပြန်ဆုတ်ရတယ်။ မကူးနိုင်တဲ့အချိန်မှာ နောက်ကိုပြန်ဆုတ်ပြီးနေရာယူ။  ဟိုဘက်ခြမ်း ကိုပဲထိန်းထားပေးပါဆိုပြီးတော့  ကြိုးစားကြတယ်။ တစ်ရက်ပြီးတစ်ရက် ကြိုးစားကြည့်တာပေါ့။ ဒီဘက် ခြမ်းကိုကူး လာနိုင်မှ အဆင်ပြေမှာလေ။ နောက်ပိုင်း ဗျူဟာမှူးက ပုံစံပြောင်းပြီးတော့ လက်နက်ကြီးတွေ လည်းထပ်ပေးပါတယ်။ ၈၁ တပ်ရင်းကိုတော့ပစ်ကူ အရောင်ပြနဲ့ တံတားဘက်က ကူးမယ့် အရိပ်အယောင် ကို နေ့တိုင်းပြခိုင်းတာပေါ့။ နောက်ထပ်စစ်ကြောင်း တစ်ကြောင်းကို ကူးလိုက်တာပေါ့နော်။ ကူးပြီးတော့ သူတို့ကို အရောင်ပြလုပ်ပေးလိုက်တာပေါ့။ အရောင် ပြအဖွဲ့က တကယ်လည်းမကူးဘူး။ ကူးဖို့လည်း အစီ အစဉ်မရှိဘူး။  ဒီဘက်က ရန်သူမသိနိုင်တဲ့ဘက်က ကူးသွားတာပေါ့။ ကူးတော့ သူတို့ရဲ့နောက်ကျောကို ပတ်မိသလို ဖြစ်သွားတာ။ အဲဒါကလည်း ဗျူဟာမှူး အစီအစဉ်ချတဲ့ အတိုင်းပဲ။  ရက်ပေါင်း (၅၀)မြောက်နေ့မှာ သူတို့ ကူးနိုင်သွားတယ်။ စစ်ကူစစ်ကြောင်း တစ်ကြောင်း ကူးလာနိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ အဖွဲ့တွေကို မင်းတို့စခန်းထဲကထွက်ပြီး လူကို စုဖွဲ့ ပါဆိုတော့။ ကိုယ်တွေက ဟိုဘက်အရောင်ပြ လုပ်လိုက် ။ ဒီဘက်က အရောင်ပြလုပ်လိုက်နဲ့။ ပစ်ထား ပေးပြီး စစ်ကူစစ်ကြောင်းက အရဲစွန့်ပြီး ထပ်ကူးတယ်။ ည (၁၀) နာရီလောက်မှာ ကူးနိုင်ပြီးတော့ (၁၁)နာရီလောက်မှာ သူတို့ကာကင်းနဲ့ ထိတွေ့မှုဖြစ်ပြီး တော့ အဲဒီနေရာမှာရပ်သွား တယ်။ အဲဒီအချိန်မှာ စက်ထဲအင်တာလည်း ရောက်လာတယ်။ သူတို့က ဘယ်အချိန်ရောက်လာလဲ မသိလိုက်ဘူး။ ဘယ်အဖွဲ့ ရောက်လာလဲမသိလိုက်ဘူး။ သူတို့ထင်ထားတာ လုံးဝမလာနိုင်တော့ဘူးလို့ထင်ထားတာ။ အဲဒီအချိန်မှာ စစ်ကူတွေရောက်လာတော့ သူတို့ အငိုက်မိသွားပြီးတော့ သူတို့ကာကင်းတွေကျိုးသွားတာ။  အဲဒီညတွင်း ချင်းမပေါင်း လိုက်နိုင်ဘူး။ (၅၁)ရက်မြောက်နေ့မှာ ပေါင်းလိုက်တယ် စစ်ကူအဖွဲ့နဲ့။ ကိုယ့်ဘက်က ထိတာတွေလည်းရှိတယ်။ ဒဏ်ရာရရုံလောက်ပါပဲ။ အကျအဆုံးကတော့ တစ်ယောက်လောက်ပဲရှိတယ်။  (၅၁)ရက်လုံးမှာ သူတို့ဘက်က တော် တော်ထိတယ်။ လေယာဉ်ပစ်ကူတွေရော။ လက်နက်ကြီးပစ်ကူရော အထိနာတာပေါ့။ အင်အားအရဆို (၂၀ဝ)လောက် က တောက်လျှောက်ထိတာ။ (၁၀ဝ) လောက်က ပြတ် ထွက်သွားတယ်။ (၃၀ဝ)လောက်က ထိသွားတာ ပေါ့နော်။ PDF အဖွဲ့တွေပိုများတယ်။ တကယ့် KNU အဖွဲ့တွေက ခေါင်းဆောင်ပိုင်းလောက်ပဲ ပါတယ်။ အဓိကက ရှေ့ကတိုးပြီး တိုက်တာ ဘုမသိ ဘမသိနဲ့ PDF တွေပဲ။ အဲဒီဒေသမှာ ပြုတ်ရေဆို တာရှိတယ်။ ဘိန်းစာရွက်ကို ပြုတ်ထားတဲ့ ပြုတ်ရေ။ အဲဒါတွေသောက်ပြီး ညလည်းမအိပ်ဘူး။ နာလည်းမနာဘူး။ အဲဒါတွေသောက်ပြီးတိုက်တာ။ ဘာနဲ့စပ် ထားလဲတော့ မသိဘူး။ တစ်မျိုးတော့ စပ်တယ်လို့ ပြောတာပဲ။ ကိုကာကိုလာလိုအရောင်မျိုးပေါ့။ မူးယစ်ဆေးတစ်မျိုးပေါ့။ စိတ်ကြွတာ ပေါ့။ ရဲတပ်ဖွဲ့တွေလည်း စိတ်ဓာတ်တွေ တော်တော်ကောင်းပါတယ်။ ရက်တွေ အကြာကြီး ထမင်းမစားရဘာမစားရနဲ့ နေ့တိုင်း ပစ်ခံနေရတဲ့အချိန် အောက်လက်အဖွဲ့တွေသာ စိတ်ဓာတ်ပျက်သွားရင်တော့ စခန်းက ကျသွားနိုင် တာပေါ့နော်။ အားလုံးခေါင်းဆောင်ပိုင်းတွေကိုလည်း ခေါ်ပြီးတော့ နေဖို့လည်းအသင့်ဖြစ်ပြီ သေဖို့လည်း အသင့်ဖြစ်ပြီဖြစ်တဲ့အတွက် သေမှပဲ စခန်းရမယ်ဆိုတဲ့ စိတ်ကိုမွေးပါ။ အဲဒါ မှပဲအဆင်ပြေမယ်။ တစ်ယောက် ‌ယောက် စိတ်ဓာတ်ဖောက်သွားပြီဆို အဆင်မပြေဘူး။ ဆိုတာတွေ ‌တောက်လျှောက်ပြောတယ်။ တွန်းအားပေးတယ်။ အဲဒီ ရက်ပေါင်း (၄၀) လောက်မှာတင်

အရပ်ဘက်က အဖွဲ့အစည်းတွေနဲ့အချိတ်အဆက်မိပြီး ဒီစခန်းက ဒီလိုဖြစ်နေပါလားသိသွားပြီး ကျွန်တော့ဖုန်းထဲကို အများကြီးပဲ အားပေးစကားပြော တာတွေရောက်လာတယ်။ ပြီးတော့ ဘာလိုအပ်သလဲ၊ ဘာလုပ်ပေးလို့ရလဲ ပြောတယ်။ ဘာမှ လုပ်ပေးလို့မရ ဘူးဆိုတော့ ဖုန်းဘေလ်တွေ ဖြည့်ပေးတယ်။ စစ်ကူတွေကအစ။ ပြီးရင် အားပေးစကားတွေ ပြောတယ်။ စစ်ကူတွေကို ပြန်ပြောပေးပါ။ အားပေးတဲ့လူ‌တွေရှိ တယ်။ အားပေးနေတယ်ပြောတဲ့အချိန်မှာ မက်ဆေ့ ပေါင်းက တစ်ရက်ကို အစောင် (၃၀) (၄၀) ဝင်တယ်။ အဲဒါကို ဖုန်းကိုကိုင်သွားပြီး ဘန်ကာလိုက် ဘန်ကာလိုက်မှာ ဒီလိုမျိုးအားပေးနေတယ်။ စိတ်ဓာတ်မကျနဲ့။ နောက်မဆုတ်ဘူး။ ဘာမှလည်းမဖြစ်ဘူး။ နောက်မှာ အားပေးနေတဲ့သူ တွေ ရှိသေးတယ်ဆိုပြီး လိုက်အားပေးတာပေါ့။ အဲဒါတွေကလည်း အများကြီး အထောက်အကူ ဖြစ်ပါတယ်။ မန္တလေးက အမျိုးသမီးတစ်ယောက်ဆိုရင် သူဖုန်းဆက်တဲ့အချိန်မှာ စစ်သည်တွေနဲ့ပေးပြောလိုက်တာ။ သူတို့လုပ်ပေး နိုင်တာလုပ် ပေးမယ် စိတ်ဓာတ်မကျနဲ့ဆိုပြီး အားပေးတာ။ အဲဒါလေးတွေလည်း တော်တော်လေးထိ ရောက်သွားတယ်။ အလိုလိုနေရင်းကို ပျော်နေကြ တာ။ ထမင်းမစားရတာတွေလည်း ဘာမှမဖြစ်တော့ ဘူး။ အကုန်လုံးတက်ကြွသွားတယ်။ အဲဒါလေးတွေလည်း အကျိုးသက်ရောက်မှုတွေဖြစ်သွားတာပေါ့။ အားပေးတဲ့စာလေးတွေဆို အခုထိရှိသေးတယ်။ စစ် သည်တွေကိုပေးခဲ့ရတဲ့ခွန်အားကလည်း အဲဒါမျိုး လေးတွေပါသွားတာပေါ့။ အရပ်ဘက်ပြည်သူက အားပေးတဲ့အသံတွေ ကြားရတော့ သူတို့လည်း စိတ်ဓာတ်‌တွေတက်ကြွတာပေါ့။ ပြီးတော့ တချို့စစ်သည်တွေဆို သူတို့အိမ်တွေကို ဆက်သွယ် ရမယ့်ဖုန်းတွေ လာပေးပြီးတော့ သူတို့ကျသွားခဲ့ရင် ဒါလေးတွေကို ဆက်သွယ်ပေးပါ။ ပြောပြပေးပါဆိုတာတွေကို လာ ရေးပေးထားတာရှိတယ်။ အဲဒါလေးတွေကိုမှတ်ပြီး အမြဲတမ်းအားပေးနေတဲ့အစ်မကို တစ်စုံတစ်ယောက် ကျတိုင်း ဆက်သွယ်အားပေးပေးပါဆိုပြီးတော့ ပြောထားတယ်။ ကြားထဲမှာ ရဲဘော်နှစ်ယောက် လောက်ကျသွားတော့လည်း သူတို့အားပေး စကားပြောတာလေးတွေလည်း ရှိပါတယ်။ အကုန်လုံးကလည်း သေချင်သေသွားပါစေ။ လက်နက်လည်း မချ တော့ဘူး။ သေသွားရင်တောင် ဆက်သွယ်ရေးသမားဆို ဆက်သွယ်ရေးစက်တွေအလျောက် အကုန်ဖျက် ဆီးဖို့ဆင် ထားပြီးပြီ။ ပြီးရင် လက်နက်တွေကို ဖျက်ဆီးမယ်။ ဖျက်ဆီးပြီးမှအသေခံမယ်။ သူတို့အထောက် အကူရမှာစိုးလို့ ဘာမှမပေးနိုင်ဘူးဆိုပြီးတော့။ အဲဒီ လိုမျိုးလေးတွေရှိတယ်။

မေး - ရန်သူတွေကကော ဘယ်အချိန်မှာ ဘယ်လိုပုံစံ မျိုးနဲ့ဆုတ်ခွာသွားလဲ။ 

ဖြေ - ကျွန်တော်တို့ ဒရုန်းအဖွဲ့နဲ့ မိသွားတဲ့အချိန်မှာ သူတို့ နည်းနည်းခွာသွားတာပေါ့။ ကျွန်တော်တို့ဒရုန်း မီလာတော့ ဒရုန်းနဲ့ချရင် တော်တော်လေး ထိရောက်တော့ အဲဒီအချိန်မှာ သူတို့မရတော့ဘူး။ အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ စခန်းကို မရရအောင် လုပ်ခဲ့ဦးမယ်ဆိုတဲ့အချိန်မှာ စစ်ကူဒရုန်းကလည်း ရောက်လာတော့ သူတို့ ဖြည်းဖြည်းချင်းခွာနေပြီ။ သူတို့ထဲမှာလည်း စိတ်ဓာတ်ပျက်သွားတာတွေရှိတယ်။ သူတို့ရဲ့ထောက်ပံ့ရေးပိုင်း ချို့ယွင်းသွားတာ လည်းရှိတယ်။ ကျွန်တော်တို့အင်တာထဲကနေ ရလိုက်တာက ကရင်အဖွဲ့တစ်ဖွဲ့ပဲ။ သူတို့က ကြေး စားလိုလို ဘာလိုလိုနဲ့လိုက်လာတယ်။ အဲဒီရက်က ထမင်းထုပ်ဝေတဲ့အချိန်မှာ သူတို့မပါဘူး။ မပါတော့ ထမင်းတောင်ဝေတာ သူတို့မပါတော့စစ်မတိုက်တော့ ဘူးဆိုပြီးတော့ ပြန်ဆုတ်တာလည်း တစ်ဖွဲ့ရှိတယ်။ အဲဒီအချိန်မှာ ဖြည်းဖြည်းချင်းပေါ့။ အရင်တုန်းက တော့ ရွာထဲတွေ ကနေ ထမင်းချက်ပို့ပေးတာ။ နောက်ပိုင်းကျတော့ မပို့နိုင်တော့ဘူး။ အင်အားအများကြီးကို မပို့နိုင်တော့ ထောက်ပံ့မှု အားနည်းတဲ့အချိန်မှာ စိတ်ဓာတ်ပျက်တာပေါ့။ နောက်ခဲယမ်းပေါ့။ သူတို့ လည်း ခဲယမ်းပြတ်တောက်မှုတွေ ရှိခဲ့တယ်။ နောက် ကနေ ခဲယမ်းမပေးနိုင်ဘူး။ သူတို့တောင်မှ ကျည်ချွေတာပြီးပစ်ခိုင်းတာ။ အလကားမရဘူး။ မင်းတို့ကို ဘယ်သူ ကမှ မထောက်ပံ့ဘူးပြောနေတဲ့အသံတွေ ကြားနေရတာပေါ့။ အဲဒီလိုနဲ့ ရက်တွေကလည်း ကြာတော့ မခံနိုင်တော့ဘူး။ စစ်ကူကလည်း အင်အားအများကြီးနဲ့လာနေပြီဆိုတာသိတော့ နောက်ဆုတ်သွားတာပေါ့။ (၅၁)ရက်နေ့မှာ ဆုတ်တဲ့ အချိန်မှာလည်း ဒရုန်းချထားခဲ့တယ်။ မရနိုင်တော့တာ သိတော့ သူတို့ ပြန်ဆုတ်သွားတာပေါ့။ ရွာကလည်း ‌တော်တော် များများပျက်စီးသွားတာပေါ့။ တံတားလည်းကျိုးတယ်။ လက်နက်ကြီးအချက်ပေါင်းကလည်း (၉၀ဝ)ကျော်တယ်ပစ် တာ။ ထိတာတွေရော။ မီးလောင်တာ တွေရောနဲ့ အများကြီးပျက်စီးတယ်။ သူတို့ရွာကို ဝိုင်းထားတဲ့အချိန်မှာပဲ ပုံစံအမျိုးမျိုးနဲ့ ကားတွေ၊ ဆိုင်ကယ်တွေလည်းထုတ်ယူသွားကြတယ်။ တန်ဖိုးရှိ တဲ့ပစ္စည်းတွေ ရှိကောင်းရှိမှာပေါ့။ အဲဒါတွေလည်း သူတို့ယူသွားကြတယ်။ တစ်ရွာလုံးထဲမှာ သူတို့ပဲရှိ တယ်။ ကျွန်တော်တို့က စခန်းထဲမှာ။ အဓိကကတော့ စစ်ကူက ကမ်းကိုကပ်လိုက်တဲ့အချိန်မှာ သူတို့ ဘယ်လိုမှ မနေရဲတော့ဘူး။ 

မေး - သူတို့ နောက်ဆုတ်သွားပြီး တပ်ဘက်က ရှင်းလင်းရေးတွေ လုပ်တဲ့အချိန်မှာကော ဘယ်လိုမျိုး တွေ ကြုံတွေ့ ခဲ့ရလဲ။ 

ဖြေ - စစ်ကူစစ်ကြောင်းက ရောက်လာတဲ့အချိန်မှာ မနက်ပိုင်းမှာ မပေါင်းမိသေးဘူး။ မနက်အစောပိုင်းမှာ စစ်ကူ တစ်ကြောင်းနဲ့ဆက်သွယ်တယ်။ ကျွန်တော်တို့ နဲ့ပေါင်းမိဖို့ မီတာ (၅၀ဝ)လောက်လိုသေးတယ်။ ကျွန်တော်တို့ အဲဒီအချိန်မှာ ထွက်ရှင်းတယ်။ စစ်ကူတွေကလည်း တောက်လျှောက်ပတ်ရှင်းတယ်။ အဲဒီနေ့မှာ တစ်ယောက်ထပ်ထိ တယ်။  သူတို့ဆုတ်သွားတာက သူတို့ပစ္စည်းတွေ အကုန်လုံးယူသွားတာ။ အလောင်းတွေပဲကျန်ခဲ့တယ်။ လက်နက်တွေ က နည်းတယ်။ သူတို့တွေ လက်နက်တွေရအောင်ယူသွားနိုင်တယ်။ စစ်ကူစစ်ကြောင်းက တစ်ဖက်လောက်မှာပဲ ရှိနေသေးတော့။ မီတာ (၅၀ဝ)လောက် ကနေမတိုးနိုင်သေးဘူး။ သူတို့က ဆုတ်လမ်းသာတယ်။ ရွာတွေဘက်ကနေ ပြန်ဆုတ်သွားတာ။ ကျွန်တော်တို့က စစ်ကူစစ်ကြောင်းနဲ့ပေါင်းမိတဲ့အချိန်မှာ ကျည်ဆန်ပြန်ရတယ်။ ထပ်ဖြည့်ပြီး လိုက်ရှင်းတဲ့ အခါ သူတို့နဲ့ တအားကြီး ထိတွေ့မှု သိပ်မဖြစ်တော့ဘူး။ အင်အားကတော့ တော်တော်သုံးရတယ်။ ကျွန် တော်တို့ကလည်း ရွာကိုပဲပတ်ချာလည်ယူလိုက်ပြီးတော့ သူတို့ခင်းထားတဲ့မိုင်းတွေကိုဖြုတ်။ ကျွန်တော်တို့ ထွက်လာ တာနဲ့ မိုင်းတွေနဲ့ပဲတိုက်တာ။ အဲဒီလိုဆိုတော့ မိုင်းတွေတော့ ရလိုက်တာ‌ပေါ့။ မိုင်းတွေက အများကြီးပဲ။ တော်တော် အများကြီး ပြန်ဖော်လိုက်နိုင်တယ်။ လက်နက်ခဲယမ်းကတော့ နည်းနည်းပဲ ရလိုက်တယ်။ တံတားတွေကိုလည်း ရှင်းလင်းရေး လုပ်တယ်။ သူတို့နေခဲ့တဲ့နေရာ တွေကိုလည်းရှင်းတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ကျွန်တော်က မော်လ မြိုင် ပြန်လာတယ်။ စစ်ကူလာတဲ့ စစ်ကြောင်းကတော့ အဲဒီမှာထိုင်ပြီး ကျန်နေခဲ့တာပေါ့။ စစ်ကူတွေပဲ ကျန်ခဲ့တယ်။ ကျွန်တော်တို့အဖွဲ့တွေကိုတော့ မော်လမြိုင်ကို ပြန်ခေါ်တယ်။ ခေါ်ပြီးတော့ ဆေးကုရမယ့်လူရှိတယ်။ အနားပေးတယ်။ တစ်လနဲ့ (၇)ရက်။ အဲဒါပြီးတော့မှ ကျွန်တော်က ဒုတိယအကြိမ် ချောင်းနှစ်ခွကိုပြန်သွား။ ပြန်ရောက်တဲ့အချိန်မှာ ထိတွေ့မှုက သိပ်မဖြစ်တော့ ဘူး။ သူတို့ကလည်း ဟိုဘက်ရွာမှာ တည်ထားပြီးတော့ ပိတ်ထားပြီး စောင့်ကြည့်တယ်။ 

မေး - အလောင်းတွေကကော ဘယ်လောက်များလဲ။ ဘယ်လိုမျိုးအလောင်းတွေလဲ။ 

ဖြေ- ကရင်အလောင်းက နည်းတယ်။ ဗမာအလောင်း တွေများတယ်။ မွန်တွေလည်းပါတယ်။ PDF တွေပါ ပဲ။ DKBA အလောင်းတစ်လောင်းရတယ်။  တချို့ အလောင်းတွေကျတော့ ပုပ်ပွနေတာ။ ပုံဖော်လို့ မရတော့ဘူး။ ယူနီဖောင်းတွေနဲ့ တော့ မဟုတ်ဘူး။ လည် စည်းလေးတွေပဲ သတ်မှတ်ချက်ရှိတာ။ လည်စည်း အဝါရောင်လေးတွေနဲ့ပဲ။ ဒီအတိုင်းပဲသေပြီး ကျန်ခဲ့ တော့ ရက်ကလည်းကြာပြီ။ အကောင်ပလောင်တွေ ဆွဲထားတာရောဆိုတော့ တော်တော်ပျက်စီးနေပြီ။ 

မေး - ဟုတ်ကဲ့။ တိုက်ပွဲကြောင့်  ရွာရဲ့အဆောက်အအုံတွေ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးသွားတယ်လို့ ပြောလို့ရ လဲ။ 

ဖြေ - (၅၀)ရာခိုင်နှုန်းလောက်ထိပျက်သွားတယ်။ မီးလောင်တာတွေ။ သူတို့မီးရှို့တာတွေရော။ သူတို့က စစ်တပ်နဲ့ပတ်သက်တယ်လို့ယူဆတဲ့ အိမ်တွေကို မီးရှို့တယ်။ ပြီးတော့ ကိုယ်တွေဆီကို ဝင်ထွက်သွား လာရှိတဲ့သူတွေကို ဒလန်ဆိုပြီး ဖမ်းခေါ်တာတွေရှိတယ်။ ပြီးတော့ အဲဒီလိုအိမ်တွေကိုမီးရှို့တယ်။ အဲဒီလိုတွေကြောင့် အိမ်ပေါင်း (၃၀)ကျော် ပျက်စီးမှာပေါ့။ တစ်ရက်သိလိုက်တာက  သူတို့ရွာထဲကနေ ဆိုင်ကယ် တွေကိုသယ်တယ်။ ကားတွေကို ယူသွားတယ်။ (၆)ဘီးကားတွေနဲ့သယ်တာ။  ပြီးတော့ အဖိုးတန်ပစ္စည်း တွေ။ သူတို့စက်ထဲမှာ ပြောသွားတာတော့ သူတို့ရွှေ့ ပေးမယ်။ မရမ်းကုန်းရွာဘက်ကို ဆိုပြီးပြောတာ။ ပွဲပြီးလို့ပြန်မေးတော့ ရွာသားတွေပြန်ရလားမေးတော့။  မရဘူး အကုန်ယူသွား တာ။ တိုက်ပွဲဖြစ်တဲ့ (၃)ရက်နေ့အထိ ရွာသားတွေ ရွာထဲမှာရှိနေခဲ့တာ။ နောက်ရက်မှ ကျွန်တော်တို့ဘက်ကိုလည်း လှမ်းအ ကြောင်းကြားတယ်။ ရွာကနေထွက်ဖို့။ သူတို့ မနေရဲ တော့ဘူးဆိုပြီး။ အဲဒီအချိန်မှာ ပစ်တာခတ်တာ ရပ် ထားပေးတယ် ကျွန်တော်တို့ဘက်က။ သူတို့ဘက် ကတော့ ဘယ်လိုလဲမသိဘူး။ ညှိနှိုင်းပြီးတော့ ထွက် သွားကြတာပဲ။ ရွာရဲ့ တစ်ဝက်လောက်ကလည်း သူတို့အမျိုးအနွယ်တွေပါပဲ။ 

မေး - တိုက်ပွဲဖြစ်နေတုန်းမှာ ချောင်းနှစ်ခွကို သူတို့ သိမ်းလိုက်ပါပြီဆိုပြီး ပြောနေတာတွေ တွေ့တယ်။ အဲဒီလိုမျိုး တစ်ဖက်ကပြောနေတဲ့အချိန်မှာ တပ်မတော်ဘက်က တန်ပြန်ပြီး အသိမ်းမခံရဘူးဆိုတာမျိုး ထုတ်ပြန်တာမျိုးမတွေ့ရ ဘူး။ အဲဒါကျတော့ကော ဘာလို့ တန်ပြန်ပြီး မလုပ်နိုင်တာလဲ။

ဖြေ - အဲဒီအချိန်မှာ ကျွန်တော့်ဆီက ဖုန်းလိုင်းက မရတစ်ချက်ရတစ်ချက်နဲ့။ ဆက်သွယ်ရေးစက်နဲ့ ဆက်ခဲ့ရတာတွေ တောင်ရှိတယ်။ သူတို့ကတော့ တံတားကို သိမ်းလိုက်တာမှန်တယ်။ ချောင်းနှစ်ခွကို အပြီးသိမ်းနိုင်သွားပြီဆိုတော့ ကောလာဟလတွေက တောက်လျှေက်ထွက်တယ်။ ညနေပိုင်း ဖုန်းဆက်တဲ့ အချိန်တွေမေးတယ်။ တကယ်ကျသွားပြီ လား။ မကျပါဘူး။ ဒီအတိုင်းပဲ ရှိတယ်ဆိုတာ။ သူတို့ဘက်ကတော့ တောက်လျှောက် ဝါဒဖြန့်တယ်။ ဒီဘက်က ပြန်မဖြန့် ဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး‌  ဘာကြောင့်လဲဆိုတာတော့။ ချောင်းနှစ်ခွကို မသိမ်းနိုင် ဘူးဆိုတာ ပြန်မရှင်းပြတာက ကျွန်တော်တို့နဲ့ အဆက်အသွယ်ပြတ်နေတာလည်းပါတာပေါ့။ ကိုယ့်ဘက်ကတော့ ဖုန်းလိုင်းလည်းသိပ်မရဘူး။ ဖုန်း အားသွင်းဖို့တောင်မှ ဆိုလာအကွဲလေးနှစ်ချပ် လောက်နဲ့ပဲ ဖုန်းတွေအားသွင်းပြီးတော့ ဆက် သွယ်ရတာ။ 

မေး - ဟုတ်ကဲ့။ တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်ရော၊ ဟိုဘက်အဖွဲ့အစည်းတွေကရော အားနည်းချက်၊ အားသာချက်တွေက ဘာတွေဖြစ်မလဲ။ 

ဖြေ - သူတို့ရဲ့ တိုက်ကွက်ဖော်နိုင်တာလေးတွေကို သိသွားတယ်။ သူတို့ရဲ့အားနည်းချက်က တစ်ဖွဲ့နဲ့ တစ်ဖွဲ့က သိလည်းမသိ၊ မြင်လည်း မမြင်ဖူးဘူး။ ကြေးစားတွေခေါ်လာတဲ့အတိုင်းပဲ။ အဲဒီတော့ ချိတ် ဆက်မှုအားနည်းတာပေါ့။ အမိန့်တစ်ခုတည်း အောက်မှာ နာခံမှုမရှိတာတွေ။ သူတို့ ဘာလုပ်ပေး ညာလုပ်ပေးဆိုတာတွေ မလုပ်ရင် တိုက်ပေးမယ့် ပုံမပေါ်ဘူး။ သူတို့တိုက်သာတိုက်နေရတယ်။ ကိုယ်တွေအဖွဲ့ကတော့ အခိုင်အမာဖွဲ့စည်းပြီးသားပဲ။ လက်နက်လည်း မချဘူး။ အသေသာခံပြီး တိုက် တယ်။ ကိုယ်ယူထားတဲ့နယ်ကို လုံးဝမကျစေရဘူးဆို တဲ့ဆုံးဖြတ်ချက်နဲ့။ သူတို့ဘက်က အားသာချက်တွေ အများကြီးရှိလို့တော့ ကျွန်တော်တို့ကို အကြာကြီး ထိန်းထားနိုင်တာပေါ့။ 

မေး - လက်ရှိ ချောင်းနှစ်ခွရဲ့ အခြေအနေလေး ပြောပေးပါဦး။ 

ဖြေ - တပ်ကရွာကို ပတ်ချာလည် နေရာယူထားတယ်။ သူတို့ထောင်ထားခဲ့တဲ့မိုင်းတွေလည်းရှာနေတယ်။ လောလောဆယ်တော့ အဲဒီအထိပဲသိတယ်။ ရွာထဲ လူပြန်ဝင်မဝင် မသိဘူး။ ကျွန်တော်က ပြောင်းသွားပြီ။ အခု နောက်တစ်ဖွဲ့ထိုင်တာ။ ချောင်းနှစ်ခွသာကျခဲ့ ရင် မုဒုံတို့၊ ကျိုက်မရောတို့က မလွယ်တော့ဘူး။ သူတို့စခန်းငယ်တွေ တိုက်လာရင်းတိုက်လာရင်း ကျွံဝင်လာနိုင်တာပေါ့နော်။ ချောင်းနှစ်ခွကလည်း သူ့ဟာသူ အရေးကြီးတဲ့နေရာမှာ ရှိနေတာပေါ့နော်။ 

မေး - နောက်တစ်ခေါက်ကော သူတို့ ချောင်းနှစ်ခွကို လာတိုက်နိုင်သေးလား။ လာတိုက်ရင်ကော ဘယ်လို ပုံစံမျိုးဖြစ်လာနိုင်လဲ။ 

ဖြေ - သူတို့တိုက်ချင်ရင် လာတိုက်နိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက် သူတို့လာတိုက်ရင် အရင် ထက် ပေးဆပ်မှုတွေ အများကြီးဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ ကောင်းသွား ပြီလေ။ နေရာယူထားတာ တွေရော။ စီမံချက်တွေဆွဲ ထားတာတွေရောအရဆို သူတို့ တော်တော်မလွယ်ပါဘူး။ မြေပြန့်ဒေသဖြစ်တယ်။ တောင်ကုန်းလည်း မဟုတ်ဘူး။ သူတို့လာရင် သူတို့ အလုံးအရင်းနဲ့ပဲ အများကြီးပေးဆပ်ရမှာပေါ့။ လာမယ်လည်း မထင် ဘူး။ တကယ်လို့သာ ကရင်ပြည်နယ်ဘက်က မြဝတီ တစ်ခုလောက်ကို ယူထားရင်တော့ ပိုင်ပိုင်နိုင်နိုင်ထိန်း ချုပ်ထားရင်တော့ ပြောလို့မရဘူး။ ဒီဘက်မှာက စခန်းငယ်လေးတွေပဲ ရှိတော့တာကိုး။ အဲဒီစခန်းငယ် တွေကိုတိုက်နိုင်မှ အဲဒီတစ်ကျောကိုရမှာပေါ့။ ယာယီ လောက်တော့ ထိန်းချုပ်သွားနိုင်မှာပေါ့။ လွယ်တော့ မလွယ်ပါဘူး။ 

မေး - ဟုတ်ကဲ့။ တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာတွေ ဖြည့်စွက်ပြီး ပြောချင်လဲရှင့်။

ဖြေ - ထပ်ပြီးတော့ မပြောတော့ပါဘူး။ မေ့ လည်းမေ့ပစ်ပြီ။ ဒါကြီးက ပြန်လည်းမစဉ်းစားချင် တော့ဘူး။ အခုထက်ထိ အိမ်မက်ထဲယောင်နေတဲ့လူ ကရှိသေးတယ်။ အဲဒီမှာပါတဲ့တစ်ယောက်ဆိုရင် သူနဲ့ စကားပြောဖြစ်ရင်လည်း ဒီလောက် ကြာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးပေါ့။ ပုံမှန်အရလည်း (၄)(၅)နာရီ လောက်ပဲလာတိုက်တာပါ။ အဲဒီလိုပွဲလေးတွေက လည်း ရှေ့မှာရှိတယ်။ ခဏခဏ လာတိုက်တာရှိတယ်။ သွေးတိုးလာစမ်းတာရှိတယ်။  ပြန်ပြန်ဆုတ် သွားခဲ့ကြ တာ။ ဒါကြောင့်မို့ ဒါကြီးက ဘာမှထပ်မပြော လိုပါ ဘူး။ အခု ကျန်ခဲ့တဲ့အဖွဲ့တွေက တကယ်ကို တော်ပါ တယ်။ တကယ်ကို တာဝန်ကျေတဲ့အဖွဲ့တွေပါ။ စစ်သားစိတ် အပြည့်ရှိသေးတဲ့လူတွေပါ။  ပြည်သူလူထုကအားပေးတာတွေလည်း အများကြီး အထောက်အကူဖြစ်ခဲ့တယ်။ တိုက်ပွဲကပြန်လာတဲ့အချိန်မှာ ထောက်ပံ့ပေးကြတာတွေလည်းရှိတယ်။ စစ်သည်တွေလည်း တော်တော်လေးပျော်ကြတယ်။ ဝိုင်းဝန်း ပြီး လာပံ့ပိုးတာတွေလည်း ရှိပါတယ်။ 

ဟုတ်ကဲ့။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားက သြစတြီးယားသတင်းထောက်အား နှင်ထုတ်

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved