Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နာမည်ကျော် နတ်သံကွင်းတိုက်ပွဲ ဘယ်လိုတွေ ဆင်နွှဲခဲ့ကြရသလဲ (သီးသန့်အင်တာဗျူး)

Pearl (NSS) - မေ ၂ဝ

ပြီးခဲ့သည့် ၂၀၂၃  ခုနှစ်   ဒီဇင်ဘာ (၂၆) ရက်နေ့မှ စတင်၍ နတ်သံ ကွင်းမြို့ရှိ  လုံခြုံရေးစခန်းများကို KNU/ PDF ပူးပေါင်းအဖွဲ့ကအင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲသည်     (၁၀)ရက် ကျော် ကြာမြင့်ခဲ့ပြီး   နှစ်ဖက်ကြား အကျအဆုံးများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။  ထိုသို့ ပြင်းထန်ခဲ့သည့် တိုက်ပွဲများအတွင်း၌     တွေ့မြင်ခံစားခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ဦးထံ NP News က ဆက်သွယ် မေးမြန်းထားမှုများကိုဖော်ပြလိုက်ပါသည်။

မေး - ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ  ကျောက်ကြီးမြို့နယ် ၊ နတ်သံကွင်းကို KNU/PDF အဖွဲ့တွေကစပြီး တိုက်ခိုက် တယ်။ သူတို့ ဘယ်လိုပုံစံမျိုးနဲ့စပြီး တိုက်ပွဲလာဖော်ခဲ့တာလဲ။

ဖြေ - သူတို့က (၁၂)လပိုင်း  (၂၅)ရက်နေ့မှာ နတ်သံကွင်းမြို့ကိုသိမ်းမယ်ဆိုပြီးတော့ သတင်းလွှင့်တာရှိတယ်။ နတ်သံ ကွင်းမြို့ပတ်ဝန်ကျင်က ရွာကလူတွေကို ပြောင်းရွှေ့နေထိုင်ခိုင်းတာတွေရှိတယ်။ စာထုတ်ပြီးတော့။ ကျွန်တော်တို့ စုံစမ်းသိရှိရတာတော့ နတ်သံကွင်းမြို့နားက လူတွေကို ဒီမြို့ကို (၃၁)ရက်နေ့မတိုင်ခင် အပြီးသိမ်းမယ်ဆိုပြီးတော့ ပြောင်းရွှေ့နေထိုင်ခိုင်းတယ်။  အဲဒီလိုသိတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ခံစစ်တွေလုပ်တယ်။ ဘန်ကာတွေဆောက် တယ် Drop Bomb ဒဏ်တွေခံနိုင်အောင်။ ပြီးတော့ ဘေးဘယ်ညာမှာ သူတို့အလွယ်တကူ ဝင်လို့မရအောင် မိုင်းတွေ ထောင်တယ်။ ပြီးတော့ ကျွန်တော်တို့ တာဝန်ယူထားတဲ့နေရာက အလွယ်တကူ ဝင်ရောက်နိုင်တယ်။ မြင်ကွင်းအရမ်း ရှင်းတယ်။ ရန်သူအနေနဲ့ အလွယ်တကူဝင်နိုင်တဲ့ လမ်းကြောင်း တွေရှိတယ်။ (၁၂)လပိုင်း (၂၆)ရက်နေ့  မနက် (၄)နာရီ လောက်မှာ ကျွန်တော်တို့ နတ်သံကွင်းမြို့အရှေ့ဘက် အုန်းပင်ချောဂိတ်လေးကို ဒီကောင်တွေ အင်အား(၅၀ဝ)နဲ့ သိမ်း တယ်။ သိမ်းပြီး နတ်သံကွင်းမြို့ကို မနက် (၅)နာရီခွဲခန့်မှာ စပြီးတော့ ဝင်ရောက်တိုက်ခိုက်တယ်။ တိုက်တဲ့အချိန်မှာ ပထမဆုံး စနိုက်ပါတွေနဲ့စပစ်တယ်။ ပြီးတော့ ကုက္ကိုပင်ကြီးတွေအောက်မှာ သေချာခံစစ်ပြင်ထားတယ်။ လေယာဉ်လာ ရင်ပစ်ဖို့ ပွိုင့် (၅)တွေ ချိန်ထားတယ်။ ပွိုင့် (၅)ရှိတယ်။ ပြီးရင် ကုက္ကိုပင်တွေရဲ့အပေါ်မှာ စနိုက်ပါအဖွဲ့တွေနဲ့ ကျွန်တော် တို့ကို ဘေးဘယ်ညာ ထောက်ထားတယ်။ စပြီးတိုက်ကွက်ဖော်တော့ စနိုက်ပါတွေနဲ့ စပစ်တယ်။ ပစ်ပြီး သိပ်မကြာဘူး ဒရုန်းတွေလာတယ်။ ကျွန်တော်တို့ ဘန်ကာတွေကို  Drop Bomb တွေချတယ်။ ပြီးရင် ရှော့တိုက်ဒုံးတွေလာတယ်။ ပထမတစ်ခါ ဖလဲဂန်းပစ်တယ်။ ပစ်တော့ ခံစစ်ယူထားတဲ့ တောက် လျှောက်ကြီးကို  မြင်နေရတော့ ရှော့တိုက်ဒုံး ထပ် လွှတ်တယ်။ အဲဒီလို တိုက်ပွဲက (၅)နာရီခွဲခန့်ကစပြီး အပြန်အလှန် ပစ်နေကြတဲ့အချိန်မှာပေါ့။ ဒီကောင်တွေ လူတော့ အလုံးအရင်းတက်မလာဘူး။ တက်မလာဘဲနဲ့ ကျွန်တော်တို့ကို ဖြတ်လေးဖြတ်နဲ့ တိုက်တယ်။ အဲဒီနားက ရွာကအိမ်တွေ မှာနေတယ်။ စနိုက်ပါတွေနဲ့ပစ်တယ်။ ပြီးတော့ ခဏအပစ်ငြိမ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့အဖွဲ့တွေကို လက်နက်တွေ ပြန်မျှတယ်၊ အုပ်ချုပ်မှုတွေလုပ်တယ်။ ည (၇)နာရီ ခွဲလောက်မှာ ဒီကောင်တွေ အလုံးအရင်းနဲ့ တက်ပြီး ဝင်လုံးတယ်။ လုံးတဲ့အချိန်မှာ မိုင်းတွေမိပြီး ပြန်ဆုတ်သွားတယ်။ ပြီးတော့ စနိုက်ပါတွေနဲ့ပစ်တယ်။ တရုတ်စက်လက်တွေနဲ့ ပစ်တယ်။ Drop Bomb တွေချတယ်။ ဒါဒီဘက် နတ်သံကွင်းမြို့ တံတား ဒီဘက်အခြမ်းမှာ ဖြစ်နေတဲ့အခြေအနေတွေ။  ဟိုဘက် ရဲစခန်းဘက်ခြမ်းကျတော့လည်း ရဲစခန်းပတ်ဝန်းကျင်ကို ဒီကောင်တွေ အခိုင်အမာခံစစ်ယူပြီးတော့ တရုတ်စက် လက်တွေနဲ့ထောက်ထားပြီးတော့ ရဲစခန်းကို အပြီးသိမ်းမယ်ဆိုပြီးတော့ ကြွေးကြော်တယ်။ ဒါပေမဲ့လည်း ရဲစခန်း ပတ်ဝန်း ကျင်မှာထောင်ထားတဲ့ မိုင်းတွေရှိတယ်။ ဒီကောင်တွေ တိုးမရဘူး။ သူတို့ဘက်လည်း အကျအဆုံးရှိ သလို ကျွန်တော်တို့ဘက်လည်းရှိတယ်။ အဲဒီလိုနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်တယ်။ လာပြီးတော့ပစ်လိုက်၊ အုပ်ချုပ်မှု တွေ ပြန်လုပ်လိုက်နဲ့။ သူတို့ဘက် တော်တော်အကျအဆုံးများတယ်။ ပြီးရင် အင်အားတွေဖြည့်ပြီး ပြန်တက်လာတယ်။ ကျွန်တော်တို့လည်း ရိက္ခာတွေပြတ်တယ်။ ကျွန်တော်တို့ကို ရိက္ခာလာ ချပေးတဲ့ ရဟတ်ယာဉ်ကိုလည်း ဒီကောင်တွေ  ပွိုင့် (၅) စက်လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒီဇင်ဘာ (၂၆)ရက်နေ့လောက်မှာ ဖော်လိုက်တဲ့ တိုက်ပွဲက ဇန်နဝါရီ(၃)ရက် နေ့လောက်မှာ ဒီကောင်တွေ ကျွန်တော်တို့ဆီ စစ်ကူတွေ ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ကို စနိုက်ပါအဖွဲ့လော က်နဲ့ပဲထားခဲ့ပြီး စစ်ကူလာတဲ့အဖွဲ့ကို ဒီကောင်တွေ အင်အား (၆၀ဝ)လောက်နဲ့သွား တိုက်တယ်။ နှစ်ဖက်အထိအခိုက် အကျအဆုံးတွေ ဖြစ်တယ်။ စစ်ကူအဖွဲ့တွေ တဖြည်းဖြည်းတိုးလာတဲ့အချိန်မှာ ဒီကောင်တွေ ဘယ်လိုမှ မရတော့ဘဲ ကျွန်တော်တို့ကို ပိတ်ထားတဲ့ အင်အား (၄၀ဝ)လောက်ရှိတဲ့အဖွဲ့တွေနဲ့ ရွာတွေကို မီးရှို့တယ်။ လက်လုပ်မိုင်းတွေ ထောင်ကြတယ်။ ကျွန်တော် သိတဲ့သတင်းအရ အဲဒီနားကရွာမှာရှိတဲ့ ကျောင်းဆရာမ တစ်ယောက်ကို ဖရဲသီး ၊ ဒလန်လို့ခေါ်ပြီးတော့ မုဒိမ်းကျင့်တယ်။ သူ့အဖေကိုလည်း သတ်ဖြတ်ခဲ့တာ တွေလည်းရှိတယ်။  ကျွန်တော်တို့ကို လုပ်လို့ မရမှန်းသိတော့ တလိုင်းခင်ရွာတို့ နမ်စားတို့ဘက်က ပြန်လည်ဖောက်ထွက်ပြီးတော့ ‌ရွှေကျင်၊ ကျောက်ကြီး၊ ကျွန်တော် တို့ ဟိုဘက်က နတ်သံကွင်းတံတားရဲ့ ဟိုးဘက်ခြမ်းမှာ ကြိုးတံတားရှိတယ်။ အဲဒီတံတားက နေပြီးတော့ အပေါ်ကို ပြန်တက်သွားတယ်။ ပြန်တက် သွားတဲ့အချိန်မှာ (၁)လပိုင်း ၊ (၇)ရက်နေ့လောက်မှာ ဘာအသံမှမကြားတော့ဘူး။ အဲဒီအချိန်မှာ စစ်ကူ တွေရောက်လာပြီး ပိတ်မိနေတဲ့အဖွဲ့တွေကို မဆရ (စစ်မြေပြင်ဆေးတပ်ရင်း) (၃) ကို ပို့တယ်။ မြို့ထဲမှာ တော့ နည်းနည်းပစ်နေတာတွေတော့ ရှိတယ်။ အဲဒီ အဖွဲ့ကို နယ်မြေခံတပ်ရင်းရယ်၊ စစ်ကူလာတဲ့ တပ်ရင်းရယ်၊ တပ်ရင်း (၂)ရင်းနဲ့ မြို့ထဲ ရှင်းလင်းရေးလုပ်တယ်။ ဒီကောင်တွေကို မောင်းထုတ်နိုင်ခဲ့တယ်။ ပြီးတော့ ဒဏ်ရာရ စစ်သည်တွေကို ဆွဲထုတ်တယ်။ ရိက္ခာပြတ် နေတဲ့အဖွဲ့ကို ရိက္ခာဖြည့်တင်းပေးတယ်။ လက်နက်ခဲ ယမ်းတွေလည်း ဖြည့်တယ်။ ဒီကောင်တွေ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတာပေါ့။ ရဲစခန်းကို လုံးထားတာလည်း ရဲစခန်း ဝန်းကျင်မှာ ဒီကောင်တွေ အလောင်းတွေ အများကြီးပဲ။ လက်နက်ခဲယမ်းတွေလည်း ဒီကောင်တွေဆီကရတယ်။ သူတို့ဆွဲလို့ရတဲ့ ကောင်တွေလောက်ပဲဆွဲတာ။ ကျန်ခဲ့တဲ့ အလောင်းတွေလည်း အများကြီးပဲ။ 

မေး - ကျန်ခဲ့တဲ့အလောင်းတွေထဲမှာ ဘယ်လိုမျိုး အလောင်းတွေ ကျန်ခဲ့လဲ။ ဘယ်လိုအလောင်းတွေကို ပဲ ဆွဲထုတ်သွား တာလဲ။ 

ဖြေ - သူတို့လာတိုက်တာတော့ တပ်မဟာ (၆) ၊ (၉)။ ပြီးတော့ PDF ပူးပေါင်းအဖွဲ့တွေပေါ့။ အင်အားကတော့ (၁၀ဝဝ)လောက်ရှိတယ်။ (၁၀ဝဝ)လောက်ကို ဖြန့်ခွဲပြီးတော့ ရဲစခန်းဘက်ကို (၄၀ဝ)လောက်နဲ့တိုက်တယ်။ ကျွန်တော် တို့ဘက်ကို တိုက်တာကတော့ (၆၀ဝ)လောက်နဲ့ တိုက်တယ်။ အကုန် လုံး Cut out လုပ်ပြီးတော့ကို ချတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့တွေ့ရတဲ့အလောင်းတွေကတော့ အများကြီးပဲ။ လေယာဉ်ဗုံးကျဲတာတွေ၊ တပ်ကမိုင်းတွေ။ တပ်ကပြန်ပစ် တာတွေ။ ဒီကောင်တွေ ဆွဲထုတ် သွားတာတော့ ဟိုလူရယ်၊ ဒီလူရယ်တော့ မရှိဘူး။ နီးစပ်ရာကို ဆွဲထုတ်ကြတာ။ တွေ့ရတာတော့ အင်္ကျီအမည်းတွေဝတ်တယ်၊ Mask တွေတပ်တယ်၊ ဦးထုပ်တွေဆောင်းတယ်။ KNU ပျောက်ကျား ဝတ်တာတွေ လည်းတွေ့တယ်။ အများကြီးပဲ။ ကရင်တွေ ၊ ဗမာတွေတော့ ရုပ်တော့ မခွဲကြည့်မိဘူး။  ကျွန်တော် တို့လည်းသိပ်ထွက်လို့ မရဘူး။ စနိုက်ပါတွေနဲ့ လှမ်းလှမ်းပစ်တယ်။ သူတို့ဘက်က ဆွဲရင် ကိုယ်တွေ ဘက်ကပစ်တယ်။ ကိုယ်တွေ ဆွဲရင် သူတို့ပစ်တယ်။ ဆွဲတာတော့ ညဘက်၊ သန်းခေါင်ကျော်တွေမှာ ဆွဲတယ်။ မနက်ဆွဲရင် စနိုက်ပါ ဒဏ်ရှိတဲ့အတွက်။ အဓိကကတော့ အလောင်းထက် လက်နက်ခဲယမ်းကို ရအောင်ယူတယ်။ မရရင် ရတဲ့အလောင်းကို ဆွဲတာ ကရင်ရယ်၊ ဗမာရယ်တော့ မရှိဘူး။ 

မေး - တိုက်ပွဲကာလက ရက်ဘယ်လောက်လောက် ကြာသွားလဲ။ ပြီးတော့ အဲဒီတိုက်ပွဲကာလအတွင်းမှာ ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသူတစ်ယောက်အနေနဲ့ ဘယ် လိုရင်ဆိုင်ခဲ့ရတာမျိုးရှိလဲ။ ဘယ်လိုအခြေအနေမျိုး တွေ ကြုံခဲ့ရလဲ။ တိုက်ပွဲက ဘယ်လောက်အထိ ပြင်း ထန်ခဲ့တယ်လို့ ပြောလို့ရလဲ။

ဖြေ - တိုက်ပွဲကတော့ (၂)ပတ်ကျော်လောက်ထိ ကြာတယ်။ တိုက်မယ်ဆိုတဲ့သတင်းလည်း ကြိုရတယ်။ ကြိုရလို့လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တယ်။ မိုင်းတွေလည်း ထောင်ထားခဲ့တယ်။ အဓိကက မိုင်းတွေကယ်သွားတာ။ မိုင်းတွေသာမရှိရင် ကျွန်တော်တို့ကို သူတို့ ချေမှုန်းသွားနိုင်တယ်။ တိုက်ပွဲ ကလည်း တော်တော်ပြင်းထန်တယ်လို့ ပြောလို့ရ တယ်။ အလုံးအရင်းနဲ့ တတ်လာတယ်။ ဆေးကြောင် ကြောင်ပြီး ကျွန်တော်တို့ကို စိန်ခေါ်တာတွေလည်း ရှိ တယ်။ ကျွန်တော်တို့က အဓိကကတော့ အကောင်းဆုံးခံစစ်နဲ့ချမယ်ဆိုပြီး ပြင်ထားတာ။ ဘယ်လိုပဲ လာလာ ကျွန်တော်တို့ မဆုတ်ဘူး။ သူသေကိုယ်သေ ချဖို့ပဲ။ ဆုတ်ဖို့လည်း အတွေးမရှိဘူး။ ကျွန်တော်တို့ ရိက္ခာတွေလည်းပြတ် တယ်။ ခဲယမ်းတွေလည်း အရန်ခဲယမ်းထားရှိတဲ့အတွက် တော်တော်လေးကို သည်းခံရတာရှိတယ်။ ကျည်လည်း ချွေတာရတယ်။ ရိက္ခာမရှိရင် နေလို့ရတယ်။ ကျည်မရှိရင် မရဘူး။ ကျွန်တော်တို့အဖွဲ့ ကျည်ကိုချွေတာတယ်။ လူလည်း အကျအဆုံးများတာတွေ ရှိတယ်။ အကျအဆုံးများလည်း စိတ်ဓာတ်မကျဘူး။ စိတ်ဓာတ်ကို အမြင့်ဆုံး ထားပြီး ခုခံ ကာ ကွယ်ခဲ့တယ်။ 

မေး - KNU/ PDF တွေအနေနဲ့ တိုက်ပွဲဖော်တဲ့ အချိန် တပ်မတော်လုံခြုံရေးအဖွဲ့တွေဘက်က ပြန် လည် ခုခံတဲ့အခါမှာ ဘယ်လိုအခြေအနေရှိလဲ။ အားနည်းချက်တွေက ဘာတွေရှိပြီးတော့ အားသာ ချက်တွေက ဘာတွေရှိမလဲ။ တပ်မတော် က ရန်သူ ကို ပြန်ခုခံနေတဲ့အချိန်မှာ။

ဖြေ - အားနည်းချက်ကတော့ တပ်မတော်အဖွဲ့ အစည်းအနေနဲ့ကတော့ အင်အားပေါ့။ ရိက္ခာကတော့ ဖြည့်ပေးတယ်။ တိုက်ပွဲတွေ တော်တော်များများမှာ ဖြစ်ရင် အင်အားက (၁၀)ဆ (၁)ဆတို့ ဖြစ်တယ်။ ကျွန်တော်တို့ နတ်သံကွင်းမြို့မှာ အင်အားက (၅၀)လောက်ရှိတယ်။ (၅၀)မှာ ရဲပါတယ်၊ ပြည်သူ့စစ်ပါတယ်၊ တခြားစုပေါင်းစပ်ပေါင်းတပ်အင်အားတွေ ပါတယ်။ ကျွန်တော်တို့ ဒီဘက်ခြမ်းမှာ (၃၀)လောက် ပဲ ရှိမယ်။ အင်အားက စုစုပေါင်း (၈၀)လောက်ပဲ ရှိမယ်။

မေး - KNU/ PDF ပူးပေါင်းအဖွဲ့ကကော ဘာတွေ အားသာချက်ရှိလဲ။ ဘယ်အချက်တွေအားသာလဲ ပေါ့နော်။

‌ဖြေ -  ဒီကောင်တွေက လုပ်နေကျပုံစံအတိုင်းပဲ ဘုရားတွေမှာ၊ နတ်သံကွင်းပတ်ဝန်းကျင်မှာရှိတဲ့ ရွာမှာရှိတဲ့ ဘုရားတွေကနေ ဒရုန်းတွေတင်တယ်။ နယ်မြေအခြေအနေက ကျွန်တော်တို့ထက် ပိုကျွမ်း ကျင်တယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ဘက်က ရွာတွေရှင်းတယ်။ ရှင်းပြီး ပြန်ထွက်သွားတော့ ဘာမှမထူးဘူး။ ဒီကောင်တွေ ပြန်ဝင်နေတယ်လေ။  လက်နက်တွေကတော့ ဒီကောင်တွေမှာ ဒရုန်းတွေ၊ စနိုက်ပါတွေပေါ့။ တပ်ကတော့ ဒရုန်းတွေ ပြန်သုံးနေပြီ။ အဓိကကတော့ စနိုက်ပါပါပဲ ။ သူတို့ မှာရှိတဲ့ စနိုက်ပါတွေက ဘန်ကာထဲမှာရှိရင်တောင် ဘန်ကာကိုဖောက်ပြီးတော့ အထဲကလူကို လာမှန်တယ်။ အဲဒီလောက်ထိကောင်းတယ်။ ညမှောင်တဲ့ အချိန်မှာလည်း သွားနေတဲ့အချိန်မှာ ညကြည့်မှန် ပြောင်းပါတာတွေနဲ့ လူ့ရဲ့အရိပ်အယောင်တွေ အပူချိန်တွေကအစ တွက်လို့ရတဲ့ စနိုက်ပါတွေပါ ပါတယ်လို့ ကျွန်တော်တို့ သိရှိရတယ်။ (၃)ယောက်တစ်ဖွဲ့ကို အချိန်လှည့်ကင်းစောင့်ရတယ်။ ကျွန်တော်တို့ကို ဝင်မလုံးနိုင်တဲ့အတွက် မှည့်ခြွေတဲ့ နည်းနဲ့  ကျွန်တော်တို့ကို လုပ်တာ။ အဓိကကတော့ စနိုက်ပါပေါ့။ ဒရုန်းတွေလည်း ကောင်းပါတယ်။

မေး -  နတ်သံကွင်းမြို့ကို သူတို့ ထိန်းနိုင်တဲ့အခြေ အနေ၊ သိမ်းနိုင်သွားတဲ့အခြေအနေရှိတယ်လို့ ပြောလို့ရလား ။ 

ဖြေ - တိုက်ပွဲဖြစ်ပြီး တစ်ပတ်လောက်အကြာမှာ နတ်သံကွင်းကို သိမ်းပြီးပြီဆိုပြီး သတင်းလွှင့်တယ်။ လိုင်းပေါ်မှာလည်း တော်တော်များများတွေ့ရ လိမ့်မယ်။ အဲဒီအချိန်မှာ အင်တာနက်တွေကလည်း သိပ်မမိဘူး။ အဲဒီအချိန်မှာ နတ်သံကွင်းကို သိမ်းပြီးသွားပြီ။ တပ်ကျသွားပြီဆိုပြီးတက်လာတာတွေ့တယ်။ အမှန်က အဲဒါတွေက ဝါဒဖြန့်တာပဲ။ နတ်သံကွင်းကို လည်း ထိန်းချုပ်မထားနိုင်ဘူး။ ထိထိရောက်ရောက်လည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့ဘက်ခြမ်းကိုလည်း ထိထိရောက် ရောက်မလုံးနိုင်ဘူး။ ပြီးတော့ အင်အားဖြည့်ပြီး လာထပ်တိုက်တယ်။ ကျွန်တော်တို့လည်းပြန် ခုခံတယ်။ နောက်ဆုံးမှာ သူတို့ ဘယ်လိုမှမနိုင်တော့ ရွာတွေကို မီးရှို့ပြီးတော့ ပြန်ဆုတ်သွားတယ်။ 

မေး- ဘယ်လိုအခြေအနေမျိုးမှာ သူတို့ နတ် သံကွင်းကနေ ပြန်ခွာသွားလဲ။ 

‌ဖြေ - (၂)ပတ်မြောက်မှာ ကျွန်တော်တို့ စစ်ကူတွေက တိုးလာနိုင်ပြီ။ စစ်ကူတွေကို ဒီကောင်တွေ သွားတိုက်တယ်။ (၂)ဖက် အထိအခိုက်တွေ ရှိတယ်။ တစ်ရက် တစ်ရက် စစ်ကူအဖွဲ့တွေက တိုးလာတဲ့အချိန်မှာ၊ တင့်ကားတွေနဲ့ရော ပစ်ရှင်းရှင်းတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်။ အဲဒီအချိန် သူတို့အကျအဆုံးများတယ်။ ရဲစခန်းဘက်မှာလည်း ဒီကောင်တွေ အကျအဆုံးများတော့  ဒီဘက်ကိုလည်း အင်အားထပ်မဖြည့်နိုင်တော့ တဲ့အချိန်မှာ ဒီဘက်ကအဖွဲ့တွေကို လည်း စနိုက်ပါ နဲ့ပဲ ထောက်ထားနိုင်တော့တယ်။ စစ်ကူတွေ‌ ရောက် လာတဲ့အချိန် ဒီကောင်တွေ ဘယ်လိုမှ လုပ်လို့မရ တော့ အကျအဆုံးများနေပြီ။ အဲဒီအချိန်မှာ ရွာတွေကိုမီးရှို့ပြီး ဆုတ်ခွာသွားတယ်။ နတ်သံကွင်းမြို့ထဲက အိမ်တွေကို လည်း မီးရှို့ခဲ့တာတွေရှိတယ်။ လိုင်းပေါ် တင်တော့ ကျွန်တော်တို့တပ်မတော်က ရှို့သလိုတွေ တင်နေကြတယ်။ 

မေး - တိုက်ပွဲတွေကြောင့် မြို့ရဲ့အဆောက်အအုံတွေ ဘယ်လောက်လောက် ပျက်စီးသွားလဲ။ 

ဖြေ - တိုက်ပွဲ ဖြစ်တာတွေကြောင့် မြို့ရဲ့အဆောက် အအုံ (၅၀)ရာခိုင်းနှုန်းလောက်တော့ ပျက်စီးသွား တယ်လို့ ပြောလို့ရတယ်။

မေး - ဒေသခံတွေကကော ထောက်ခံကြလား တိုက်ပွဲကိုလေ။ တိုက်ပွဲဖြစ်တဲ့အချိန် ဒေသခံတွေက ကော ဘယ်လို အခြေနေရှိလဲ။ 

ဖြေ - တိုက်ပွဲဖြစ်တော့ ဒေသခံတွေက စပါးတွေ မရိတ် ရသေးတဲ့လူတွေအများကြီးရှိတယ်။ တချို့ဆို ရင် မြို့ပေါ်သွားပြီး စစ်ဘေးရှောင်ဖို့ အိမ်ငှားခတွေ မတတ်နိုင်တဲ့လူတွေလည်း ရှိတယ်။ ပေတေပြီး နေနေတဲ့အဖွဲ့တွေ ရှိတယ်။ နီးစပ်ရာ ရွာလေး တွေမှာလည်း သွားရောက်စစ်ဘေးရှောင်နေတာ လည်းရှိတယ်။ ကျွန်တော်တို့ကို အားပေးလို့တော့ မဟုတ်ဘူး တိုက်ပွဲကိုလည်း မထောက်ခံဘူး။ 

မေး - တခြားဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။

ဖြေ - ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ရလဒ်ကို ရခဲ့တယ်။ အဲဒီ နတ်သံကွင်းတိုက်ပွဲမှာ။  ကျွန်တော်တို့ အနေနဲ့ရှိတဲ့ အင်အားနဲ့၊ ရှိတဲ့ရိက္ခာနဲ့ လက်နက်ခဲ ယမ်းနဲ့ အကောင်းဆုံးတောင့်ခံခဲ့တယ်။ အကောင်းဆုံး ချွေတာထားနိုင်ခဲ့တယ်။ ပြီးတော့ အကောင်းဆုံး ကာကွယ်ထားနိုင်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့တပ်မတော်သားအဖွဲ့တွေအတွက်လည်း ဂုဏ် ယူပါတယ်။ ရန်သူရဲ့ ဗျူဟာတွေကလည်း ကိုယ်တွေ ဗျူဟာတွေကို အသုံးပြုနေတာတွေ့ရတယ်။ အတွေ့အကြုံ တွေလည်း အများကြီးရတယ်။ 

မေး - ဟုတ်ကဲ့ ။ အခုလို ဖြေပေးတာ ကျေးဇူးတင် ပါတယ်ရှင်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ထားသည့် ကိုရီးယား CJ ကုမ္ပဏီက တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်ထုတ်လုပ်ရောင်းချမှုကို ခေတ္တရပ်နားမည်ဟု ကြေညာ

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved