ယူကရိန်းတပ်ဖွဲ့များက Donetsk မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၇)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၂၂
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ရုရှားထိန်းချုပ်ထားသော Donetsk မြို့ကို ယူကရိန်းတပ်ဖွဲ့များက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအစိုးရ ခန့်အပ်ထားသည့် ဒွန်းညက်စ်ဒေသအကြီးအကဲ ဒန်းနစ်ပူရှီလင်က ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် ဈေးဆိုင်များနှင့် ဈေးများရှိသည့် လူထူထပ်သောနေရာများကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားဖက်က ခန့်အပ်ထားသော Donetsk မြို့တော်ဝန် Alexei Kulemzin က ပြောကြားခဲ့သည်။
ရိုက်တာသတင်းဌာနက ရိုက်ကူးထားသော ဓါတ်ပုံများ နှင့် ဗီဒီယိုဖိုင်များထဲတွင် Donetsk မြို့ဈေးအနီးမှာ လဲကျ နေသောရုပ်အလောင်းများ၏ ဘေးတွင် ငိုနေကြသူများကိုတွေ့မြင်ခဲ့ရသည်။ ယူကရိန်းသမ္မတဇီလန်စကီးသည် အဆိုပါတိုက်ခိုက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ ဒေသ(၉) ခုရှိ မြို့များ နှင့် ကျေးရွာပေါင်း(၁ဝဝ)ကျော်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"Donetsk မြို့ကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ကွပ်ကဲမှုအောက်တွင်ရှိသော စစ်သားများတွင် တာဝန်မရှိ ကြောင်း Tavria ရွာရှိ ယူကရိန်းတပ်ဖွဲ့များက ပြောကြားခဲ့သည်။ ၎င်းတို့က "Donetsk မြို့ဟာ ယူကရိန်းပိုင်နက်ပါ ပဲ။ ယူကရိန်းနိုင်ငံသားတွေရဲ့အသက်တွေကို သတ်ဖြတ်ခဲ့ခြင်းအတွက် ရုရှားဘက်က အဖြေပေးရပါလိမ့်မယ်" ဟု ပြောခဲ့သည်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် (၁၈)ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး အခြားလူ(၇)ဦးကို ပြင်ပလူနာအဖြစ် ကုသမှုများ လုပ်ဆောင်ပေးထားကြောင်း ဒန်းနစ်ပူရှီလင်က ပြောကြားခဲ့သည်။
ယူကရိန်းသည် အနောက်အုပ်စုနိုင်ငံများမှ ထောက်ပံ့ပေးထားသော စစ်လက်နက်ပစ္စည်းများကို အသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က "အရပ်သားတွေအပေါ်တိုက်ခိုက်မှုတွေကိုပြုလုပ်နေတာကို ရုရှားဖက်က ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်" ဟု သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄၇)ဦး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း