ဟားမတ်စ်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူတစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်နိုင်မယ်ဆိုရင် ဆုကြေးဒေါ်လာ (၅)သန်းပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခြင်းခံထားရသူတွေထဲက လူတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်မယ်ဆိုရင် အမေရိကန်ဒေါ်လာ(၅)သန်းဆုချီးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဟားမတ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရုတ်တရက်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း (၂၅၀)ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲကအချို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရ ပြန်လည်လွတ် မြောက်ခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေး ရပ်တန့်သွားခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရသူအများအပြား ကျန်ရှိနေခဲ့ကြောင်း သိရပါတယ်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့က ဟားမတ်စ်လက်နက်ကိုင်အဖွဲ့လက်ထက်မှာ အသက်ရှင်လျက် ကျန်ရှိနေသူအနည်းဆုံး (၅၁)ဦးရှိနေတယ်လို့ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က " ဖမ်းဆီးထိန်းသိမ်းထားသူတွေကို သတိပေးလိုတယ်။ အဲဒီဖမ်းဆီးထားသူတွေကို ထိခိုက်အေင် လုပ်ဆောင်မယ်ဆိုရင် ကြီးမားတဲ့ပေးဆပ်မှုပြန်ပေးရမယ်။ ကျွန်တော်တို့ဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်မြောက်အောင် နည်းလမ်းရှာဖွေကြိုးပမ်းမယ်။ ဒါ့ပြင်ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်မြောက်လုပ်ဆောင်ပေးသူတိုင်းကို ဆုချီးမြှင့်ပေးမယ်။ ဖမ်းဆီးခံထားရသူတစ်ဦး အသက်ရှင်လျက် ပြန်လွတ်မြောက်မယ်ဆိုရင် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၅)သန်းချီးမြှင့်မယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးမီဒီယာတွေက နေတန်ရာဟုဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့ ပြန်ပေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းရာချီပေးဖို့ စီစဉ်နေကြောင်းရေးသားဖော်ပြခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးဟာ ဟားမတ်စ်အဖွဲ့ကိုချေမှုန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဂါဇာဒေသကို တိုက်ခိုက်နေခဲ့ရာ လူပေါင်း(၄)သောင်းကျော်သေဆုံးခဲ့ပြီး ထောင်ချီနေရပ်စွန့်ခွာနေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ