တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄၇)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၂၂
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်တွင် ဇန်နဝါရီလ(၂၂)ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၄၇)ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
မြေပြိုမှုသည် Zhenxiong ကောင်တီတွင် ဇန်နဝါရီလ(၂၂)ရက် နံနက်(၅)နာရီ (၅၁)မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဒေသတွင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြေပြိုမှုအတွင်း အိမ်ထောင်စုပေါင်း(၁၈)စုခန့် မြေပိမိခဲ့ပြီး အခြားလူ(၂ဝဝ)ကျော်ကို အဆိုပါဧရိယာမှ ဘေးလွတ် ကင်းရာသို့ ချက်ချင်းရွှေ့ပြောင်းပေးခဲ့ရကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ မြေပြိုကျမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များသည် ကယ်ဆယ်ရေးသမား(၂ဝဝ)ကျော် အပါအဝင် ဒါဇင်နှင့်ချီသော မီးသတ်ကားများ၊ အခြားပစ္စည်းများဖြင့် အရေးပေါ်တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ကြောင်း CCTV ၏ ဖော်ပြချက်အရ သိရသည်။
ဒေသအတွင်း မီဒီယာတစ်ခုက ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသောဗီဒီယိုဖိုင်တစ်ခုတွင် လိမ္မော်ရောင်အင်္ကျီ နှင့် ဦးထုပ်များဆောင်းထားသော ကယ်ဆယ်ရေးသမားများသည် နှင်းများထူထပ်နေသော တောင်တန်းများကြားတွင် ပြိုကျပျက်စီးနေသောအပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေသည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဖြစ်ခဲ့သမျှအရာအားလုံးကို ဖော်ထုတ်နိုင်ရန် အာဏာပိုင်များက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့သည်။ဟိမဝန္တာတောင်တန်းကုန်းမြင့်များနှင့် မတ်စောက်သော တောင်တန်းများကြားတွင်ရှိသည့် ဝေးလံခေါင်သီသော ဒေသတစ်ခုဖြစ်သည့် ယူနန်ပြည်နယ် တွင် မြေပြိုမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လများအတွင်း ဆိုးရွားသောရာသီဥတုဖြစ်စဉ်များ နှင့် သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လက ရှီအန်းမြို့အနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ(၂ဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖဂန်နစ္စတန်နိုင်ငံတွင် ရုရှားစီးပွားရေး ဂျက်လေယာဉ်တစ်စင်း ပျက်ကျ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း