Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ရုရှားစီးပွားရေး ဂျက်လေယာဉ်တစ်စင်း ပျက်ကျ

Pika (NSS) - ဇန်နဝါရီ ၂၂ 

ရုရှားစီးပွားရေး ဂျက်လေယာဉ်တစ်စင်းသည် အာဖဂန်နစ္စတန်နိုင်ငံရှိ တောင်တန်းထူထပ်သောဒေသတစ်ခုတွင် ရေဒါမှ ပျောက်ကွယ်သွားပြီးနောက် ပျက်ကျသွားခဲ့ကြောင်း ရုရှားဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီ Rosaviatsia က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဂျက်လေယာဉ်သည် ဇန်နဝါရီလ(၂ဝ)ရက် နံနက်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Badakhshan ပြည်နယ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းပြန်ကြားရေး နှင့် ယဉ်ကျေးမှုဌာနအကြီးအကဲ Zabihullah Amiri က ပြောကြားခဲ့သည်။

ထို့အပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အဆိုပါဒေသသို့စေလွှတ်ထားကြောင်း Zabihullah Amiri က ထပ်မံ ပြောကြားခဲ့သည်။ ယင်းဂျက်လေယာဉ်သည် ရုရှားကုမ္ပဏီတစ်ခုနှင့် မှတ်ပုံတင်ထားသော Falcon 10 ကော်ပိုရိတ် ဂျက်လေယာဉ်တစ်စင်းဖြစ်ကြောင်း Rosaviatsia ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါဂျက်လေယာဉ်သည် အိန္ဒိယနိုင်ငံမှ Gaya မြို့မှ ဥဇဘက်ကစ္စတန်နိုင်ငံ Tashkent မြို့ကို ဖြတ်ကာ ရုရှားနိုင်ငံ Zhukovsky လေဆိပ်သို့ ဦးတည်သွားနေသည့် လမ်းကြောင်းပေါ်တွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

ရုရှားစီးပွားရေးဂျက်လေယာဉ်သည် အစောပိုင်းတွင် ထိုင်းနိုင်ငံ Utapao လေဆိပ်မှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး အမှုထမ်းလေးဦး နှင့် ခရီးသည်(၂)ဦးတို့ လိုက်ပါသွားခဲ့ကြောင်း Rosaviatsia ၏ ဒေတာအချက်အလက်များအရ သိရသည်။ 

ဂျက်လေယာဉ်ပေါ်တွင် ဆေးဘက်ဆိုင်ရာကုသမှုများလုပ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံ ပတ္တယားမြို့မှ ထွက်ခွာ လာသော ခင်ပွန်းဖြစ်သူနှင့်အတူ လိုက်ပါလာသည့် ရုရှားအမျိုးသမီးတစ်ဦးတို့ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံး၏ ပြောဆိုချက်များအရ သိရသည်။

အဆိုပါဂျက်လေယာဉ်သည် အင်ဂျင်ပိုင်းဆိုင်ရာပြဿနာများကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အာဖဂန် နစ္စတန်နိုင်ငံရှိ တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ Abdul Wahid Rayan က ပြောကြားခဲ့သည်။ Falcon 10 သည် ပြင်သစ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Dassault Aviation မှ ထုတ်လုပ်ထားသော စီးပွားရေး ဂျက်လေယာဉ် တစ်စင်းဖြစ်ပြီး ၁၉၇၁ ခုနှစ် နှင့် ၁၉၈၁ ခုနှစ်တို့တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်အထိ ဒုတိယ စီးပွားရေးဈေးကွက်တွင် ရေပန်းစားနေဆဲဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ တောင်တန်းထူထပ်သောဒေသတွင် ပျက်ကျခဲ့သော လေယာဉ်သည် အိန္ဒိယလေကြောင်း လိုင်းပိုင်မဟုတ်ကြောင်း နယူးဒေလီမြို့ရှိ မြို့ပြလေကြောင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

အဆိုပါလေယာဉ်သည် အိန္ဒိယခရီးသည်တင်လေယာဉ်တစ်စင်းဖြစ်ကြောင်း အစောပိုင်းတွင် မီဒီယာများက မှားယွင်းဖော်ပြခဲ့သည်။ ထို့အပြင် ယင်းလေယာဉ်သည် စင်းလုံးငှားထားသည့် လေယာဉ်တစ်စင်း မဟုတ်ကြောင်း လည်း  မြို့ပြလေကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တင့်ကားတည်ဆောက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ကြရန် ပြည်သူများကို လစ်သူယေးနီးယားစီးပွားရေးဝန်ကြီး တိုက်တွန်း

RELATED POSTS
RECENT POSTS
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved