တင့်ကားတည်ဆောက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ကြရန် ပြည်သူများကို လစ်သူယေးနီးယားစီးပွားရေးဝန်ကြီး တိုက်တွန်း
Pika (NSS) - ဇန်နဝါရီ ၂၃
လစ်သူယေးနီးယားနိုင်ငံသားများအနေဖြင့် နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများကို ငွေကြေးထောက်ပံ့ရန် နှင့် ၎င်းတို့၏ စုဆောင်းထားသောငွေကြေးများကို သိမ်းဆည်းထားမည့်အစား တင့်ကားတည်ဆောက်ရေးလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ကြရန် လစ်သူယေးနီးယားစီးပွားရေးဝန်ကြီး Ausrine Armonaite က ပြောဆိုခဲ့ကြောင်း သိရသည်။
ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်းအတွက် ကူညီထောက်ပံ့ပေးမှုများနှင့်ပတ်သက်ပြီး လစ်သူယေး နီးယားနိုင်ငံသားများထံမှ မျှော်မှန်းထားသည်များကိုဖော်ပြရာတွင် အစိုးရအနေဖြင့် ပိုမိုတက်ကြွစွာလုပ်ဆောင်ရန် လိုအပ်ကြောင်း Ausrine Armonaite က ပြောခဲ့သည်။
Ausrine Armonaite က "ဥပမာအားဖြင့် စစ်ရေးအသုံးစရိတ်အတွက် ပြည်သူတွေထံကနေ ပိုက်ဆံချေးဖို့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် နိုင်ငံသားတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကနေ သိသိသာသာအကျိုးအမြတ်တွေ ပြန်လည်ရရှိဖို့ မမျှော်လင့်သင့်ပါဘူး။ ဒီလိုငွေချေးစာချုပ်တွေနဲ့အယူအဆတွေကို ဝေဖန်တာမျိုးတွေ ကျွန်မ ကြားခဲ့ရပေမယ့် လူတွေမှာပိုက်ဆံတွေ အများကြီးရှိနေပါသေးတယ်။ ပြည်သူတွေဟာ အဲဒီပိုက်ဆံတွေကို သိမ်းဆည်းထားမယ့်အစား တင့်ကားတည်ဆောက်ရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လိုက်တာက ပိုကောင်းမှာပါ" ဟု ပြောခဲ့သည်။
လစ်သူယေးနီးယား၊လတ်ဗီးယား နှင့် အက်စတိုးနီးယားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် ဘော်လ်တစ် ဒေသတွင် ပူးတွဲလေကြောင်းရန် ကာကွယ်ရေးစနစ်ကို တည်ဆောက်ရန်ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ် ကို ပြီးခဲ့သည့်သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ရုရှားနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ကွန်ကရစ်ဘန်ကာ(၆ဝဝ)ခန့် တည်ဆောက်မည့် အစီအစဉ်ကို အက်စတိုးနီးယားအစိုးရက ထုတ်ပြန်ကြေညာခဲကြောင်းလည်း သိရသည်။ အဆိုပါစီမံကိန်းကို လစ်သူယေးနီးယား နှင့် လတ်ဗီးယားနိုင်ငံတို့ကလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AI နည်းပညာက ကမ္ဘာတစ်ဝှမ်းရှိ အလုပ်အကိုင်များကို ခြိမ်းခြောက်နေကြောင်း IMF သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ