ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ကိုအပြောင်းအလဲလုပ်ဖို့ အစ္စရေးပြည်သူတွေတောင်းဆိုဆန္ဒပြ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၁
အစ္စရေးနိုင်ငံ တဲအေဗစ်မြို့မှာ ဇန်နဝါရီ ၂ဝ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ကိုအပြောင်းအလဲလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစ္စရေးအစိုးရအဖွဲ့ဟာ နိုင်ငံလုံခြုံရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်မှု မှားယွင်းခဲ့ကြောင်း ဆန္ဒပြအုပ်စုများက ဝေဖန်စွပ်စွဲထားပါတယ်။ အစ္စရေးဆန္ဒပြသူတွေက ရွေးကောက်ပွဲအသစ်ကို အမြန်ဆုံးကျင်းပပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံတဝှမ်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲဖြစ်ပွားနေတာ ၄ လနီးပါးရှိလာချိန်မှာ ဝန်ကြီးချုပ်နေတန်ရာဟုအပေါ် ပြည်သူတွေရဲ့ထောက်ခံမှုကျဆင်းလာနေကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂ဝ ရက်က ပြုလုပ်ခဲ့တဲ့ အစ္စရေးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဆန္ဒပြအုပ်စုတွေဟာ အစ္စရေး ခေါင်းဆောင်တွေကို လက်ရှိထက် ပိုမိုကောင်းမွန်တဲ့ခေါင်းဆောင်မျိုးနဲ့ အစားထိုးပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ Noam Alon က "နိုင်ငံအစိုးရအာဏာအပြောင်းအလဲလုပ်ဖို့၊ ပြင်ဆင်ဖို့ စတဲ့ အချက်တွေက ကျွန်တော်တို့ လက်ထဲမှာရှိနေပါတယ်။ နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ကို အနားပေး အိမ်ပြန်ခိုင်းဖို့ လိုအပ် ပါတယ်" လို့ ပြောပါတယ်။
အစ္စရေးအတိုက်ခံအုပ်စုတွေကလည်း ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်မှုမရှိတဲ့ အစ္စရေး ညွန့်ပေါင်းအစိုးရအဖွဲ့ ကိုဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံ တိုက်ခိုက်ခံရပြီးနောက် ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ပြည်တွင်းမှာသာမက ပြည်ပဖိအားတွေကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပန်းတောင်းမြို့နယ် ပြည်-ဥသျှစ်ပင်သွားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း