ပန်းတောင်းမြို့နယ် ပြည်-ဥသျှစ်ပင်သွားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၁
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပြည်-ဥသျှစ်ပင်သွားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှ သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၂ဝ ရက်)၊ ည ၁ဝ နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ပြည်မြို့အနောက်ဘက်ကမ်း၊ ပြည်-ဥသျှစ်ပင်သွား ကားလမ်းပေါ်၊ ဗုံကြီးသံစားသောက်ဆိုင်အနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ဥသျှစ်ပင်ဘက်ကနေ ပြည်ဘက်ကိုပြန်လာတာ။ အရက်ကလည်း နည်းနည်းသောက်ထားတယ်။ အခင်းဖြစ် တဲ့နေရာရောက်တော့ ဆိုင်ကယ်မှောက်ပြီး မျက်နှာနဲ့လမ်းဘေးက ကျောက်ဆောင်အမာတစ်ခုခုနဲ့ ဆောင့်မိပြီး ဆုံးသွားတာ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ရွှေတောင်မြို့တွင် နေထိုင်သည့် အသက်(၄ဝ)နှစ်အရွယ် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားမှာ မျက်နှာနှင့် ဦးခေါင်းတို့၌ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်က မှောက်ပြီး လူကမျက်နှာနဲ့ ဘေးကကျောက်ဆောင်ပေါ်ကျတာ။ ညာဘက်မျက်နှာတစ်ခြမ်းလုံး ဖူးယောက်ပြီး ခေါင်းမှာလည်း ဖူးယောင်သွားတယ်။ နှာခေါင်းကလည်း သွေးတွေက အဆက်မပြတ်ထွက်နေတော့ ပွဲချင်းပြီး ဆုံးသွာတာပေါ့။ အဲဒီလမ်းတွေက ညဘက်ဆို လူသွားလူလာက မရှိဘူး။ တစ်ခုခုဖြစ်ရင်တောင် အကူအညီတောင်းဖို့ မလွယ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံသူအမျိုးသား၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းပရဟိတပါရမီမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု သထုံမြို့၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း