လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့
Pearl (NSS) - ဇန်နဝါရီ ၁၇
လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
KNPP နှင့် PDF အဖွဲ့ဝင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အား အဝေးမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
"မနေ့ကတော့ အဲဒီသတင်း ကြားမိတယ်။ အခုက အဲဒီဘက်ကို သွားလို့ မရတော့တာ ဟုတ်၊ မဟုတ်တော့ အတည်ပြုလို့မရဘူး။ ဖြစ်စဉ်မှန်တယ်ဆိုရင်တော့ ဒါ မဖြစ်သင့်ဘူး။ မဖြစ်စေချင်ဘူးပေါ့" ဟု လွိုင်ကော်ဒေသခံတစ်ဦးက NSS ကို ပြောသည်။
KNPP နှင့် PDF အဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် စေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စေတီတော်၏ ကိုယ်လုံးတော်နှင့် အခြားသာသနိက အဆောက်အဦများတွင် ထိမှန်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း နစကမှ ဆိုသည်။
အလားတူ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက်၌ MNDAA အဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင် ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူများလည်း လုပ်ဆောင်ခဲ့ဖူးသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများအား ဖျက်ဆီးနေမှုများကို သံဃာ တော်နှင့် လူပုဂ္ဂိုလ်အများအပြားက တိုင်းနှင့်ပြည်နယ် အသီးသီးတို့တွင် ပြင်းထန်စွာကန့်ကွက်ရှုတ်ချမှုများပြုလုပ်လျက်ရှိပြီး အဖွဲ့အစည်းအသီးသီးကလည်း ကန့်ကွက်ရှုတ်ချသည့် ကြေညာ ချက်များလည်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်း-မြန်မာကြား နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာလေ့လာရေးခရီးစဉ် နှင့် နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတို့ကို ပြုလုပ်မည်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း