ပြည်သူများကို ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး စီစဥ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း
ယွန်း (NSS) - ဇန်နဝါရီ ၁၆
ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး စီစဥ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အသိပေးပြောကြားထားသည်။
၎င်းက ဇန်နဝါရီလ(၁၅)ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်က ဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများကို လူနာများအကျိုးရှိစေရေးအတွက် ထိရောက်စွာအသုံးချရန် ပြည် ထောင်စုဝန်ကြီး အသိပေးပြောကြားထားသည်။
ထို့ပြင် အဓိကဆေးဝါးများ အခမဲ့ထောက်ပံ့ရန် နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီစဥ်ဆောင်ရွက်ရေးကို ၎င်းက တိုက်တွန်းပြောကြားထားသည်။
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် မကုန်ဆုံးမီ ပြည်သူ့ဆေးရုံများရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ သားဖွားခန်းများ စံကိုက်ဖွဲ့စည်းပုံဖြစ်စေရန် လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်ရန်လည်း ကျန်းမာရေးဝန်ကြီးက အသိပေးထားသည်။
ပြည်သူ့ဆေးရုံများတွင် လူနာများအနေဖြင့် တတ်နိုင်သမျှ ကုန် ကျစရိတ်မရှိစေဘဲ ဆေးကုသနိုင်ရေးဘတ်ဂျက်များကို နစကအနေဖြင့် နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ် ဆေးထိုးလုပ်ငန်း နှင့် တီဘီ၊ HIV ရောဂါကုသဆေး နှင့် ဆေးပစ္စည်းများ ဝယ်ယူရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး အပါအဝင် ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွဲဝေချထားပေးကြောင်း သိရသည်။
w
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်စစ်တပ်က ဆီးရီးယားရှိ ISIS အခြေစိုက်စခန်းနဲ့ အီရတ်ရှိ မော့ဆက်ထောက်လှမ်းရေးအဖွဲ့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ