အီရန်စစ်တပ်က ဆီးရီးယားရှိ ISIS အခြေစိုက်စခန်းနဲ့ အီရတ်ရှိ မော့ဆက်ထောက်လှမ်းရေးအဖွဲ့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၆
အီရန်အစိုးရတပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံအခြေစိုက် ISIS အဖွဲ့တွေ နဲ့ အီရတ်နိုင်ငံရှိ မောဆက်ထောက်လှမ်းရေးအဖွဲ့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့တိုက်ခိုက်ကြောင်း သိရပါတယ်။
အီရန်စစ်တပ်ဟာ အီရန်နိုင်ငံမှာ မကြာသေးမီကဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ဆက်နွယ်ပြီး လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အီရန်နိုင်ငံမှာ ဇန်နဝါရီ ၃ ရက်က လူပေါင်း ၁ဝဝ ကျော် သေဆုံးစေခဲ့တဲ့ ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကို ISIS အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားပါတယ်။
အီရန်စစ်တပ်က "ISIS အဖွဲ့ဟာ အီရန်နိုင်ငံမှာ လူပေါင်း ၁ဝဝ ကျော် သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်မှုအဖြစ် ဆီးရီးယားနိုင်ငံမှာရှိနေတဲ့ ISIS အဖွဲ့တွေကို ပဲ့ ထိန်းဒုံးကျည် တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။
ဒါ့အပြင် အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသမှာရှိနေတဲ့ မောဆက်ထောက်လှမ်းရေးအဖွဲ့ရဲ့အဓိက အဆောက်အဦးတွေကိုလည်း တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုဟာ ဆီးရီးယားနိုင်ငံမှာရှိတဲ့ အီရန်ဗိုလ်ချုပ်တစ်ဦး သေဆုံးမှုနဲ့ ဆက်နွယ်ပြီး လက်တုံ့ပြန်တာမျိုးဖြစ်ပါတယ်" လို့ ပြောပါတယ်။
အီရန်ဟာ ၂ဝ၂၂ ခုနှစ်တုန်းက အီရတ်နိုင်ငံ Erbil မြို့ရှိ အစ္စရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ဖူးကြောင်း သိရပါတယ်။ လက်ရှိအချိန်မှတော့ အီရန်ဟာ Erbil မြို့ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အီရတ် သတင်းတွေက ဖော်ပြထားပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ဆက်နွယ်ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်နေဆဲဖြစ်ရာ အီရန်က ၎င်းတို့နိုင်ငံအပေါ် တိုက်ခိုက်မှုတွေကို ပြန်လည်လက်တုံ့ပြန်လာခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ