ကြက်ငှက်တုပ်ကွေးရောဂါဟာ ပိုလာဝက်ဝံတွေကို သေဆုံးစေခဲ့ကြောင်း ပထမဆုံးအကြိမ် လေ့လာတွေ့ရှိ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၄
ကြက်ငှက်သန်းပေါင်းများစွာနဲ့ တောရိုင်းငှက်ထောင်ပေါင်းများစွာအပေါ်မှာ ဆိုးဆိုးဝါးဝါး သက်ရောက်မှုရှိခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါဟာ ယခုအခါမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရိုးစွန်း ဝက်ဝံတစ်ကောင်ကို သေဆုံးစေခဲ့တယ်လို့ တွေ့ရှိလာရပါတယ်။
အလာစကာ ဝက်ဝံတွေဟာ မျိုးတုန်းပျောက်ကွယ်လုနီး တိရစ္ဆာန်တွေဖြစ်တာကြောင့် အခု သေဆုံးမှု အရင်းအမြစ်အသစ်ဟာ ပိုလာမျိုးစိတ်ရဲ့ရှင်သန်မှုကို ပိုမိုခက်ခဲစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။
ဝင်ရိုးစွန်းဝက်ဝံတစ်ကောင် ဆောင်းဦးပိုင်းက သေဆုံးသွားခဲ့ပြီး သေဆုံးရတဲ့အကြောင်းရင်းကို စစ်ဆေးရာမှာ ကြက်ငှက်တုပ်ကွေးကြောင့်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြုခဲ့တယ်လို့ အလာစကာ ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲမှ သိရပါတယ်။
ယင်းမတိုင်မီကလည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် အလာစကာရှိ မြေခွေးနီအချို့၊ ဝက်ဝံနက်တစ်ကောင် နဲ့ ဝက်ဝံညိုတစ်ကောင် သေဆုံးစေခဲ့တယ်လို့ ဇွန်လ ၂ဝ၂၃ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။
အခုပိုလာ ဝက်ဝံကတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ငှက်အသေတစ်ကောင်ကို စားမိခဲ့ခြင်းကြောင့် ၎င်းပါ ကူးစက်ခံရခြင်းဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ဝင်ရိုးစွန်း ဝက်ဝံတွေဟာ ဖျံတွေကို အဓိကအားဖြင့် ကျက်စားလေ့ရှိကြပေမယ့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖျံတွေကို အမဲလိုက်နိုင်စွမ်းနည်းပါးလာပြီး တောရိုင်းငှက်တွေကိုပါ စားသုံးလာတယ်လို့ ယူဆရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆိုတော်အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့နှင့် အတူ မြန်မာအလုပ်သမားများ မလေးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ