အဆိုတော်အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့နှင့် အတူ မြန်မာအလုပ်သမားများ မလေးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ
ယွန်း၊ စော (NSS)- ဇန်နဝါရီ ၁၄
အဆိုတော်အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့နှင့်အတူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများ မလေးရှားရှိ ပီနန်းပြည်နယ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရသည်။
Sexy မော်ဒယ်တစ်ဦးဖြစ်သည့် ဖူးပွင့်ခိုင်သည် ၎င်း၏ အသက် (၂၆)နှစ်ပြည့်မွေးနေ့ကို မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါဖျော်ဖြေပွဲကို အဆိုတော်အေမီဈာန်လည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲကို ယမန်နေ့(ဇန်နဝါရီလ ၁၃ ရက်)၊ ညနေ (၆)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ကျင်းပနေချိန်အတွင်း မလေးရှားအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးစဉ် အဆိုတော်အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့နှင့်အတူ မြန်မာလုပ်သားများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကား(၃)စီးဖြင့် ဂျာဝိစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအနက်အထောက်အထား ပြည့်စုံသည့် မြန်မာနိုင်ငံသားအချို့သည် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
“ကျွန်မ ပြန်လွတ်လာပြီးရှင့်။ မဖူးတို့၊ မအေမီတို့ကတော့ မလွတ်သေးပါဘူး”ဟု မလေးရှားရောက် မြန်မာတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အသိပေးရေးသားထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအနက်မှ အချို့သည် ပြန်လည်လွတ်မြောက်မှုရှိနေသော်လည်း မော်ဒယ်ဖူးပွင့်ခိုင်နှင့် အေမီဈာန်တို့မှာ လွတ်မြောက်ခြင်းမရှိသေးဘဲ ဆက်လက်ထိန်းသိမ်းခံထားရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီလက်မှတ်စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချပေးမည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ