ဟားမက်စ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ အစ္စရေးကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့ ကူညီပေး
ဂျန်ဇက် (NSS)- ဇန်နဝါရီ ၁၄
အမေရိကန်နာမည်ကျော်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့စီအိုင်အေအဖွဲ့ဟာ ဟားမက်စ်ခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ဖို့ အစ္စရေးနိုင်ငံကို ကူညီပေးနေကြောင်း သိရပါတယ်။
ဟားမက်စ်အဖွဲ့ခေါင်းဆောင်တွေနေထိုင်နေတဲ့နေရာတွေကို သိရှိနိုင်ဖို့ အမေရိကန်စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ကူညီပေးနေတာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို အာရုံစိုက်လုပ်ကိုင်မယ့်လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
စီအိုင်အဖွဲ့ဟာ ဟားမက်စ်အဖွဲ့ခေါင်းဆောင်တွေထဲကနေ အဆင့် ၂ ခေါင်းဆောင်ကနေ အဆင့် ၄ ခေါင်းဆောင်အတွင်းရှိ သူများနဲ့ပတ်သက်ပြီးသတင်းအချက်အလက်တွေကို စုဆောင်းရယူနိုင်ဖို့ ငွေကြေးကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံကို ဟားမက်စ်အဖွဲ့တိုက်ခိုက်ဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေ အစောပိုင်းကတည်းက ထွက်ပေါ်ခဲ့ပေ မယ့် အစ္စရေးထောက်လှမ်းရေးအဖွဲ့ဟာ မသိကျိူးကျွံ့ပြုခဲ့ကြောင်း အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အစ္စရေးအစိုးရဟာ ဟားမက်စ်ခေါင်းဆောင်တွေကို သုတ်သင်တာ၊ ဖမ်းဆီးတာလုပ်ဖို့ ပစ်မှတ်ထားလုပ်ဆောင်နေ ကြောင်း မကြာသေးမီက အစ္စရေးထောက်လှမ်းရေးအဖွဲ့ နဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုတို့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အမေရိကန်စစ်ဘက် အမိန့်ပေးကွပ်ကွဲမှုစင်တာရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Erik Kurilla ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးနိုင်ငံကို ခရီးသွားရောက်ခဲ့ပြီး ဟားမက်စ်အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်အတွင်း ဟားမက်စ်အဖွဲ့ဝင် ၈ဝဝဝ နီးပါးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရာဇီးတိုက်ခိုက်ရေးသမားကို အလဲထိုးအနိုင်ယူပြီး UFC ပြိုင်ပွဲမှာ မြန်မာ့ဂုဏ် ဆောင်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း