ဘရာဇီးတိုက်ခိုက်ရေးသမားကို အလဲထိုးအနိုင်ယူပြီး UFC ပြိုင်ပွဲမှာ မြန်မာ့ဂုဏ် ဆောင်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၄
ဇန်နဝါရီ ၁၃ ရက် ညက ကျင်းပခဲ့တဲ့ UFC Fight Night 234 ပွဲစဉ်မှာ မြန်မာနိုင်ငံသား ချင်းဖိုက်တာတစ်ဦးဖြစ်တဲ့ ဂျိူရူအာ ဗန်ဟာ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူပြီး နိုင်ပွဲတွေ ထပ်မံရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂျိူရူအာဗန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက UFC ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး နိုင်ပွဲတွေ ရယူနိုင်ခဲ့သူဖြစ်ရာ ဇန်နဝါရီ ၁၃ ရက်က ထိုးသတ်တဲ့ပွဲစဉ်မှာလည်း ဖိလစ်ပီ ဘူနက်စ် ဆိုသူကို ၂ ချီမြောက်မှာ အလဲထိုးအနိုင်ယူခဲ့တာဖြစ်ပါတယ်။
ဂျိုရူအာဗန်ဟာ MMA ပွဲပေါင်း ၁ဝ ပွဲမှာ တစ်ပွဲမှာ ရှုံးနိမ့်ထားပြီး UFC ပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးတဲ့ မြန်မာနိုင်ငံသားတိုက်ခိုက်ရေးကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂျိူရူအာဗန်ဟာ ကမ္ဘာကျော်တိုက်ခိုက်ရေးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ UFC မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့တစ်ဦးတည်းသော မြန်မာနိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။
ဂျိူရူအာဗန်ဟာ UFC ပြိုင်ပွဲမှာ အတွေ့အကြုံနည်းပါးပေမယ့် ၁၂၅ ပေါင် ဝိတ်တန်းတိုက်ခိုက်ရေးပွဲစဉ်မှာ ဘရာဇီး နိုင်ငံသား ဖိလစ်ပီဘူနက်စ်ကို အလဲထိုးအနိုင်ယူပြခဲ့တာဖြစ်ပါတယ်။
ဂျိုရူအာဗန်က "ပထမအချီမှာတော့ ခက်ခဲခဲ့ပေမယ့် ဒုတိယအချီမှာတော့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ဒုတိယအချီမှာ game plan အတိုင်း ထိုးသတ်ပြီး ရလဒ်ကောင်းတွေ ရယူခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
ချင်းလူမျိုးတစ်ဦးဖြစ်တဲ့ ဂျိုရူအာဗန်ဟာ ဒီနှစ်အတွင်းမှာ UFC ပြိုင်ပွဲမှာ ပွဲစဉ်အများအပြား ထိုးသတ်ဖို့ ဆန္ဒရှိနေပြီး အနည်းဆုံး ပွဲစဉ် ၄ ပွဲကနေ ၆ ပွဲအထိ ထိုးသတ်လိုနေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက သတင်းများ စုစည်းတင်ဆက်မှု
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း