ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက် ၁ဝ ဦးမှာ တစ်ဦးနှုန်းက အန္တရာယ်ရှိ ဝိတ်ချဆေးများ အသုံးပြုနေကြ ကြောင်း အမေရိကန်လေ့လာမှုမှ ပြောကြား
ရောင်နီ(NSS) - ဇန်နဝါရီ ၁၂
ကမ္ဘာတစ်ဝန်းရှိ ဆယ်ကျော်သက်များ အထူးသဖြင့် မိန်းကလေးတွေဟာ အန္တရာယ်ရှိဆေးဝါးများ၊ အစားအသောက် ဖြည့်စွက်စာများနဲ့ အခြားသော ကိုယ်အလေးချိန်ကျစေတဲ့ထုတ်ကုန်တွေကို မက်မက်မောမော သုံးစွဲနေကြတယ်လို့ အမေရိကန်ပေါင်းစုလေ့လာမှုတစ်ခုအရ သိရပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ် လေးခုအတွင်း လေ့လာမှု ဒါဇင်ပေါင်းများစွာကို အခြေခံပြီး သုတေသီတွေရဲ့ခန့်မှန်းချက်အရ ယေဘုယျ ဆယ်ကျော်သက် လူဦးရေရဲ့ ၉ ရာခိုင်နှုန်းခန့်ဟာ ကိုယ်အလေးချိန်လျှော့ချတဲ့ထုတ်ကုန်တွေကို အသုံးပြုကြတယ်လို့ သိရပါတယ်။
Diet pills တွေဟာ ဆယ်ကျော်သက်တွေရဲ့တစ်သက်တာမှာ ၆ ရာခိုင်နှုန်းခန့် အသုံးပြုတဲ့ အသုံးအများဆုံး ထုတ်ကုန်ဖြစ်ပြီး အဲဒီနောက်မှာတော့ ဝမ်းနုတ်ဆေးသုံးသူ ၄ ရာခိုင်နှုန်း နဲ့ ဆီးဆေးသုံးသူ ၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဆိုပါထုတ်ကုန်တွေဟာ ဆေးဘက်ဆိုင်ရာအကြံပြုထားခြင်းမရှိသလို ကလေးတွေရဲ့ရုပ်ပိုင်းဆိုင် ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း အန္တရာယ်များပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ကိုယ်အလေးချိန်ကျစေတဲ့ထုတ်ကုန်တွေကို သုံးစွဲခြင်းဟာ အစားအသောက်ပုံမမှန် ခြင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရွယ်ရောက်လာချိန်မှာ ပုံမှန်ထက် ဝခြင်းတို့ ဖြစ်နိုင်တယ်လို့ လေ့လာမှုက ဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပသို့ပို့ဆောင်မည့် ကျပ် (၃၆)ဘီလျံကျော်တန်ဖိုးရှိသော အိုက်စ်များကို မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ