ပြည်ပသို့ပို့ဆောင်မည့် ကျပ် (၃၆)ဘီလျံကျော်တန်ဖိုးရှိသော အိုက်စ်များကို မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ
Pearl (NSS) - ဇန်နဝါရီ ၁၂
ပြည်ပသို့ ပို့ဆောင်မည့် ငွေကျပ် (၃၆) ဘီလျံကျော်တန်ဖိုး ရှိသော အိုက်စ်(မက်သ်အဖက်တမင်း)များကို တပ်မတော်(ရေ)က မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလ(၄)ရက်၊ ညနေ (၃) နာရီခွဲအချိန်တွင် ဧရာဝတီတိုင်း ၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်(ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား တပ်မတော်(ရေ)က စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း (ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ (၄)ဦးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဇန်နဝါရီလ ၇ ရက်၊ ည ၁၁ နာရီခွဲအချိန် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော်အား တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင် နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်ဟု ရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် အိုက်စ်(မက်သ်အဖက်တမင်း)များ တာဝန်ခံသယ် ဆောင်သူများဖြစ်သည့် ချစ်ထူးနိုင်(ခ)ဆရာချစ် နှင့် ကျော်ဇင်ဦး တို့ပါ (၇) ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့က မိသားစုဝင်(၃)ဦးကိုသတ်ဖြတ်ပြီးနောက် ယင်း ရုပ်အလောင်းများသယ်လာသည့် နိဗ္ဗာန်ယာဥ်ကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း