Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
PDF အဖွဲ့က မိသားစုဝင်(၃)ဦးကိုသတ်ဖြတ်ပြီးနောက် ယင်း ရုပ်အလောင်းများသယ်လာသည့် နိဗ္ဗာန်ယာဥ်ကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့

ကျော်(NSS) - ဇန်နဝါရီ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် PDF အဖွဲ့ဝင်များက မိသားစုဝင်(၃)ဦးကို သတ်ဖြတ်ပြီးနောက် ယင်းရုပ်အလောင်းများသယ်လာသည့် နိဗ္ဗာန်ယာဥ်ကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့ကြကြောင်း လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။


ဖြစ်စဥ်သည် ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)၊ မွန်းတည့်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ နှင့် မြေနီကျေးရွာအနီးတို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့၊ မွန်းတည့် ၁၂ နာရီခွဲကျော်ခန့်က PDF အဖွဲ့ဝင်(၆)ဦးသည် ဆိုင်ကယ်(၃)စီးဖြင့် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာရှိ ဦးအောင်ရင် (၇၀)နှစ်၏နေအိမ်သို့ ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းသို့ဝင်ရောက်ကာ နေအိမ်အတွင်းမှ ဦးအောင်ရင်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင် (၆၃)နှစ် နှင့် သားဖြစ်သူ ဦးအေးငြိမ်းလင်း(၄၂)နှစ်တို့အား သေ နတ်များဖြင့်ပစ်ခတ်ကာ ဓားများဖြင့်လည်း ထိုးခဲ့ကြကြောင်း သိရသည်။

"အတော်ရက်စက်တဲ့ လုပ်ရပ်ပါ။ မိသားစုတွေအိမ်ထဲမှာစကား ပြောနေတုန်း ဆိုင်ကယ်တွေနဲ့ရောက်လာပြီး သေနတ်တွေနဲ့ပစ် ဓားတွေနဲ့ထိုးခဲ့ကြတာ။ သူတို့ မိသားစုက ရိုးရိုးအေးအေးနဲ့တောင်သူအလုပ်လုပ်ကိုင်နေကြတဲ့လူ‌တွေပါ။ သိရသလောက်ဆိုရင် သတ်ဖြတ်တာတွေလုပ်ပြီးတော့ PDF အဖွဲ့ဝင်တွေက ဆင်ဖြူကုန်းကျေးရွ ာရဲ့ အနောက်မြောက်ဘက်ကိုထွက်သွားကြတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ် ဓားများဖြင့်ထိုးခံခဲ့ရသဖြင့် ဦးအောင်ရင်၊ ဒေါ်ခင်စန်းရင်နှင့်ဦးအေးငြိမ်းလင်းတို့မှာ ကျည်ထိမှန်နှင့်ထိုးသွင်းဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက် သေဆုံးသူ(၃)ဦး၏ ရုပ်အလောင်းများအား ဓမ္မမာမက လူမှုကူညီရေးအသင်း၏ နိဗ္ဗာန်ယာဥ်ဖြင့် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ရန် အခင်းဖြစ်နေအိမ်မှထွက်ခွာခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထွက်ခွာလာစဥ် PDF အဖွဲ့ဝင်များက ငါန်းဇွန်မြို့နယ်၊မြေနီကျေးရွာအနီးအရောက် နိဗ္ဗာန်ယာဥ်အား လက်လုပ်မိုင်း (၁)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

"ရုပ်အလောင်းတွေသယ်လာတဲ့ကားကို မြေနီကျေးရွာနားအရောက်မှာ လက်လုပ်မိုင်းတစ်လုံးနဲ့ လမ်းညာဘက်ကနေ ဖောက် ခွဲတိုက်ခိုက်တာပါ။ ဒီလို လုပ်ရပ်မျိုးကတော့ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ သူတို့သတ်ဖြတ်လို့ သေပြီးနေတဲ့လူတွေနဲ့ ဘာအရောင်အသွေးမှမပါဘဲ လူမှုဒုက္ခတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေကို တိုက်ခိုက်တာက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် ရုပ်အလောင်းများတင်လာသော နိဗ္ဗာန်ယာဥ်၏ ညာဘက်ခြမ်းလေကာမှန် (၃)ချပ်ကွဲ၊ ညာဘက်ခြမ်းကားကိုယ်ထည် အနည်းငယ်ပေါက်ပြဲပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထောင်ကဲကြီး မျက်နှာဖုံးကွာကျခြင်း နှင့် ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ (ဘာသာပြန်ဆောင်းပါး)

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved