အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင် ကျန်းမာရေးပြန်ကောင်းမွန်နေပြီး မကြာခင် အိမ်ကိုပြန်နိုင်ဖွယ်ရှိနေ
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင် ကျန်းမာရေးပြန်ကောင်းမွန်နေပြီး မကြာခင် အိမ်ကိုပြန်နိုင်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁ဝ
အမေရိကန်စစ်ဌာနချုပ်က ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ဟာ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်ကုသခဲ့ပြီး နောက် ဆေးရုံမှာပဲ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်စစ်ဌာနချုပ်က "လွိုင်အော်စတင်ဟာ သူရဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ စစ်ဆေးရုံကို တက်ရောက်ခဲ့ရတယ်။ လွိုင်အော်စတင်ဟာ ခံစားနေရတဲ့ ဆီးကြိတ်ကင်ဆာရောဂါကို အသေးစိတ် ခွဲစိတ်ကုသတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်။ ခွဲစိတ်ကုသရာမှာ အောင်မြင်မှုတွေရှိခဲ့ပြီး၊ မကြာခင် အိမ်ကိုပြန်နိုင် ဖွယ်ရှိနေပါတယ်။ လွိုင်အော်စတင်ဟာ ဆီးကြိတ်ကင်ဆာကို စောစီးစွာ သိရှိခဲ့လို့ကံကောင်းခဲ့တယ်" လို့ ပြောပါတယ်။
လွိုင်အော်စတင်ကိုယ်တိုင်က ဇန်နဝါရီ ၁ ရက်မှာ ကျန်းမာရေးမကောင်းတဲ့အတွက် စစ်ဆေးရုံမှာ တက်ရောက် ကုသနေရတဲ့အကြောင်းကို ဝန်ခံပြောဆိုထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ဆရာဝန်တွေဟာ လွိုင်အော်စတင်ရဲ့အူသိမ်လမ်းကြောင်းတွေကို ထိခိုက်စေတဲ့ ဝမ်းဗိုက်ရောဂါကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီးနောက် စစ်ဆေးကုသမှုတွေ ထပ်မံလုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။ စစ်ဆေးရုံက ဆရာဝန် တွေဟာ လွိုင်အော်စတင်ရဲ့ဝမ်းဗိုက်နဲ့ဆက်နွယ်ပြီးဖြစ်ပွားနေတဲ့ရောဂါတွေကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး လက်ရှိ အချိန်မှာ လွိုင်အော်စတင်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေဆဲဖြစ်ရာ အခြေအနေတွေ တိုးတက် ကောင်းမွန်နေပြီး မကြာခင်မှာ အိမ်ကိုပြန်နိုင်ဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ လွိုင်အော်စတင်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး သမိုင်းတစ်လျှောက်မှာ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပထမဆုံးရယူနိုင်ခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုးဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက် မကြာမီ လွိုင်အော်စတင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာလည်း လွိုင်အော်စတင်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးရာထူးက ထုတ်ပယ်ဖို့အစီအစဉ်မရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် တရုတ်နိုင်ငံရဲ့ဂြိုလ်တုလွှတ်တင်မယ့်အစီအစဉ်ကို စိတ်မဝင်စားကြောင်း ထိုင်ဝမ်အစိုးရပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ