ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် တရုတ်နိုင်ငံရဲ့ဂြိုလ်တုလွှတ်တင်မယ့်အစီအစဉ်ကို စိတ်မဝင်စားကြောင်း ထိုင်ဝမ်အစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁ဝ
ထိုင်ဝမ်သမ္မတရုံးက သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းမှု အဖြစ် ထိုင်ဝမ်တောင်ပိုင်းကို ဖြတ်သန်းမယ့် ဂြိုလ်တုလွှတ်တင်ဖို့ စီစဉ်နေကြောင်း၊ အဲဒီဂြိုလ်တုလွှတ်တင်မှုတွေကို စိတ်မဝင်စားကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ထိုင်ဝမ်အစိုးရဟာ အဲဒီ science ဂြိုလ်တုဟာ အမြင့် ၅ဝဝ မီတာကျော်က ပျံသန်းမှာဖြစ်ပြီး ထိုင်ဝမ် တောင်ပိုင်းကိုဖြတ်သန်းမှာဖြစ်ရာ အမှားယွင်းတစ်စုံတစ်ခုဖြစ်လာပြီး ပျက်ကျလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံ တွေကို သတိပေးထားရကြောင်း သိရပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်နိုင်ငံရဲ့ဂြိုလ်တုလွှတ်တင်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်ဆောင်ခြင်း ဟုတ်-မ ဟုတ် ဆိုတဲ့အချက်ကို မစဉ်းစားကြောင်း၊ ဒါ့အပြင် အဲဒီဂြိုလ်တုလွှတ်တင်မှုက ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင် စွက်ဖက်တာမျိုး ဟုတ်-မဟုတ် ဆိုတဲ့အချက်ကိုလည်း မစဉ်းစားကြောင်း ပြောပါတယ်။
ဒါပေမယ့် ထိုင်ဝမ်အရေးလေ့လာသုံးသပ်သူအချို့က တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်နဲ့ ဂြိုလ်တုလွှတ်တင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ တရုတ်အစိုးရ ကတော့ ဂြိုလ်တုလွှတ်တင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုတွေကို ပယ်ချထားကြောင်း သိရပါတယ်။
ထိုင်ဝမ် ကျွန်းမှာလာမယ့်ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပမှာဖြစ်ရာ တရုတ်အစိုးရက ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းဖွယ်ရှိနေကြောင်း အစောပိုင်းကတည်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ဟာ ၎င်းတို့ ပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းမှာဖြစ်ကာ လိုအပ်မယ်ဆိုရင် အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။
ထိုင်ဝမ်ကလည်း တရုတ်နိုင်ငံလက်အောက်က ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေရာ ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘုရားဖူးကား ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်အုတ်ကန်ကို ဝင်တိုက်မိသည့်အတွက် ကားပေါ်ပါသူ (၃)ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ