Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၆၀၀၀)ကျော်ရှိခဲ့ပြီး ရန်ကုန်အပါအဝင် ဒေသ(၅)ခု၌ အများဆုံးဖြစ်ပွားခဲ့

ယွန်း (NSS) - ဇန်နဝါရီ ၇

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ(၁၆၀၀၀)ကျော်ရှိခဲ့ပြီး ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်(၅)ခုတွင် အများဆုံးဖြစ်ပွားခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။


၂၀၂၃ ခုနှစ်အတွင်း ဇန်နဝါရီလ(၁)ရက်မှ ဒီဇင်ဘာလ(၉)ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၆၁၃၀)ဦးရှိခဲ့ပြီး ရန်ကုန်၊ မွန်၊ ရခိုင်၊ ဧရာဝတီ နှင့် နေပြည်တော်တို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူလူထု၏ ပူး ပေါင်းပါဝင်မှုသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေသန်း(၄ဝဝ)ခန့် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ယခင်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် အသက်(၁၅)နှစ်အောက်သာ ဖြစ်ပွားမှုများပြားခဲ့သော်လည်း လွန်ခဲ့သည့် (၁ဝ)နှစ်ကျော်မှစ၍ အသက်(၁၅)နှစ်အထက် အသက်အရွယ်များတွင်လည်း ဖြစ်ပွားမှုများပြားလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂ဝ၂ဝ)ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ (၁၅၁၃၁)ဦး နှင့် သေဆုံးသူ(၆၈)ဦးရှိခဲ့ပြီး (၂ဝ၂၁)ခုနှစ်တွင် ရောဂါဖြစ်ပွားသူ (၅၄၄၆)ဦးနှင့် သေဆုံးသူ(၃၆)ဦး ရှိခဲ့ကြောင်း သိရသည်။

(၂ဝ၂၂)ခုနှစ်တွင် ရောဂါဖြစ်ပွားသူ (၂၄၉၇၁)ဦးနှင့် သေဆုံးသူ(၉၇)ဦးရှိခဲ့ပြီး နှစ်စဉ် ပျမ်းမျှသေဆုံးမှုသည် ဝ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၂ ခုနှစ်တွင် ငှက်ဖျားဖြစ်ပွားသူ စုစုပေါင်း(၁၅၈၀၀၄) ဦးရှိခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ငှက်ဖျားဖြစ်ပွားသူ (၁၃၇၂၁၆) ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်အနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း Plasmodium falciparum ပိုးတွေ့သူ လုံးဝမရှိစေရေးနှင့် ၂၀၃၀ ခုနှစ်တွင် ငှက်ဖျားရောဂါကူးစက်မှု ပပျောက်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာကြောင်း နစကဥက္ကဋ္ဌပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved