တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာကြောင်း နစကဥက္ကဋ္ဌပြော
မြူနစ် (NSS) - ဇန်နဝါရီ ၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ဒီဇင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ နိုင်ငံရေးပါတီ (၃၉)ပါတီနှင့်တွေ့ဆုံစဉ် အထက်ပါထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာသည့်အတွက် နိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အခြားတစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော်လုပ်ဆောင်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိအချိန်ထိ အချို့သောနေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ၎င်းကဲ့သို့အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေးအတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင် ရွက်နေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော MNDAA၊ TNLA၊ AA၊ KNU၊ KIA၊ CNF၊ KNPP နှင့် PDF အဖွဲ့များသည် နိုင်ငံအတွင်းရှိ နေရာဒေသအချို့တွင် တိုက်ပွဲများ ဖော်ဆောင်နေလျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေသည်လည်း သိန်းနှင့်ချီကာ ရှိနေသည်။
နိုင်ငံတည်ငြိမ်းအေးချမ်းမှုရှိရန်အတွက် ပြည်သူအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုအပ်ပြီး သဘောထားကွဲလွဲမှုများကိုလည်း ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဟု တပ်ချုပ်က ထပ်မံအသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်ဖြစ်တဲ့ လာအိုနိုင်ငံက မြန်မာအရေးကို ဆွေးနွေးဖြေရှင်းနိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ