အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်ဖြစ်တဲ့ လာအိုနိုင်ငံက မြန်မာအရေးကို ဆွေးနွေးဖြေရှင်းနိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇
လာအိုနိုင်ငံဟာ မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
လာအိုနိုင်ငံဟာ ၂ဝ၂၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ဇန်နဝါရီလအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများရဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
လာအိုနိုင်ငံဟာ ကုလသမဂ္ဂဆိုင်ရာလာအိုသံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူ Alounkeo Kittikhoun ကို ဇန်နဝါရီလနောက်ပိုင်းမှာကျင်းပမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံမကျင်းပခင် အထူးကိုယ်စားလှယ်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနဟာ Alounkeo Kittikhoun ဆိုသူကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာကိုအဖွဲ့ဝင်နိုင်ငံတွေထံအ သိပေးအကြောင်းထားတယ်လို့ အာဆီယံသံတမန်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လာအိုအစိုးရက ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဖြစ်သူ Alounkeo Kittikhoun ဟာ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ကြား ရရှိထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် အဓိကထားဆောင်ရွက်ရမယ်လို့ ထိုင်းသံတမန်တစ်ဦးက ပြောပါတယ်။
၎င်းဟာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရပြီးနောက် ဇန်နဝါရီ ၁ ရက်နေ့ကတည်းက တာဝန်တွေကို စတင်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်အောင် ကြားဝင်ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ တိုးတက်ခြင်းမရှိသေးဘဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား နဲ့ အင်ဒိုနီးရှားနိုင်ငံတို့လက်ထက်မှာ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဝ်စံထွန်းဆေးရုံကြီး၏ (၅)ထပ်ကုသဆောင်သစ်ကို ငွေကျပ် (၂ ဒသမ ၅)ဘီလျံကျော် အကုန်ကျခံကာ တည်ဆောက်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ