စဝ်စံထွန်းဆေးရုံကြီး၏ (၅)ထပ်ကုသဆောင်သစ်ကို ငွေကျပ် (၂ ဒသမ ၅)ဘီလျံကျော် အကုန်ကျခံကာ တည်ဆောက်ခဲ့
စော (NSS) - ဇန်နဝါရီ ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၏ (၅)ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ရန်ပုံငွေကျပ် (၂ ဒသမ ၅)ဘီလျံကျော် အကုန်ကျခံကာ တည်ဆောက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၏ (၅)ထပ်ကုသဆောင်သစ် နှင့် ဆေးတက္ကသိုလ်-တောင်ကြီး (၄)ထပ် စာသင်ဆောင်သစ်ကို ပြီးခဲ့သည့် ဇန်န ဝါရီလ (၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း (၅)ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် (၂ ဒသမ ၅) ဘီလျံကျော်အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်ကုသမှုဌာန နှင့် စာသင်ခန်းမ၊ ဓာတ်မှန်ဌာန၊ အရိုးကုသဆောင်၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုမည့်အခန်း နှင့် ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ စာသင်ခန်းများနှင့် ခွဲစိတ်ခန်း (၅)ခန်းတို့ ပါဝင်ကာ လူနာခုတင်အသစ်များ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသခန်း၊ အရေးပေါ်ဌာနတို့အတွက် လိုအပ်သည့် ဆေးရုံသုံးစက်ပစ္စည်း ကိရိယာများကို ဖြည့်ဆည်းတပ်ဆင်ပေးထားကြောင်း သိရသည်။
အဆိုပါ စပ်စံထွန်းပြည်သူ့ဆေးရုံကြီးကို (၁၉၅၇)ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု အကူအညီဖြင့် စတင်တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာ-ရုရှားချစ်ကြည်ရေးအတွက်အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ထို့ပြင် ဆေးတက္ကသိုလ်-တောင်ကြီး (၄)ထပ် စာသင်ဆောင်သစ်အတွက် စုစုပေါင်း ကုန်ကျငွေကျပ် သန်း (၁၄၀၃)ကို အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု (၂၀၂၄)ပညာသင်နှစ်အတွက် ဆေးပညာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းကို စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ပြည်သူ့ဆေးရုံပေါင်း (၆၉)ရုံကိုဖွင့်လှစ်ထားပြီး တောင်ကြီးမြို့တွင် ဗဟိုအဆင့်ဆေးရုံ (၂)ရုံ၊ ဆေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်းတို့ကို ဖွင့်လှစ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် နိုင်ငံတကာက ၂၄ နာရီအတွင်း သတင်းများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ