အမေရိကန်မှာ salmonella ဘက်တီးရီးယား ကူးစက်ဖြစ်ပွားမှုနဲ့ဆက်စပ်ပြီး Busseto Foods charcuterie က ဖြန့်ဖြူးထားတဲ့ အသားရောင်းချမှုများ ပြန်လည်သိမ်းဆည်း
ရောင်နီ (NSS) - ဇန်နဝါရီ ၆
အမေရိကန်မှာ Salmonella ဘက်တီးရီးယား ကူးစက်ပျံ့နှံ့မှုတွေဟာ Busseto Foods charcuterie နဲ့ ဆက်စပ်နေ ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေက သောကြာနေ့(ဇန်နဝါရီ ၅ ရက်) မှာ ထုတ်ပြန်တဲ့ အစားအသောက်ဘေးကင်းရေး သတိပေးချက်မှာ ပြောကြားခဲ့ပါတယ်။
အရီဇိုးနား၊ အီလီနွိုက်၊ မီချီကန်၊ မီနီဆိုးတား၊ နီဘရာစကာ၊ နယူးဂျာစီ၊ နယူးယောက်၊ အိုဟိုင်းယိုး၊ တက္ကဆက်၊ အက်တာ့၊ ဗားမောင့်၊ ဝါရှင်တန်၊ ဝစ္စကွန်ဆင် ပြည်နယ် ၁၄ ခုမှာ ဆေးရုံတက်ကုသခြင်း အပါအဝင် ဖျားနာမှု ၂၄ ခု ကို အစီရင်ခံထားပြီး သေဆုံးမှုမရှိကြောင်း သိရပါတယ်။ မီနီဆိုးတားစိုက်ပျိုးရေးဌာနမှ စမ်းသပ်ချက်အရ Prosciutto၊ sweet soppressata နဲ့ dry coppa တို့ပါရှိတဲ့ Busseto Foods Charcuterie ရဲ့ နမူနာတွေမှာ salmonella ဘက်တီးရီးယားကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဘက်တီးရီးယားတွေဟာ ရောဂါဖြစ်ပွားမှုမျိုးကွဲနဲ့ ကိုက်ညီမှု ရှိ-မရှိ နဲ့ ဘယ်အသားထုတ်ကုန်တွေ ညစ်ညမ်းသွားခဲ့ ပြီလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်စစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ Fratelli Beretta USA ဟာ charcuterie အသားထုတ်ကုန် ပေါင် ၁၁ဝဝဝ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။
အဆိုပါအသားပစ္စည်းတွေကို ဂျော်ဂျီယာ၊ အီလီနွိုက်စ်၊ အင်ဒီယားနား၊ မင်နီဆိုတာ၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်းယိုးပြည်နယ်၊ အိုကလာဟိုမာနဲ့ တက္ကဆက်ပြည်နယ်ရှိ Sam's Club ဖြန့်ဖြူးရေးစင်တာတွေကို တင်ပို့ခဲ့တာဖြစ်တယ်လို့ CDC မှ ပြောကြားခဲ့ပါတယ်။
အမေရိကန်စိုက်ပျိုးရေးဌာနရဲ့အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေး ဝန်ဆောင်မှုကတော့ စားသုံးသူတွေရဲ့ ရေခဲသေတ္တာတွေထဲမှာ အဆိုပါအသားထုတ်ကုန်များ ရှိနေမှာကို စိုးရိမ်မိကြောင်း ဆိုပြီး “ဒီထုတ်ကုန်တွေကို ဝယ်ယူတဲ့ စားသုံးသူတွေအနေနဲ့ မစားသုံးဖို့နဲ့ ထုတ်ကုန်တွေကို စွန့်ပစ်ခြင်း (သို့မဟုတ်) ဝယ်ယူခဲ့တဲ့နေရာကို ပြန်လည်အပ်နှံခြင်းများ ပြုလုပ်ဖို့ သက်ဆိုင်ရာတွေက တိုက်တွန်းထားပါတယ်။
ကူးစက်မှုလက္ခဏာတွေဖြစ်တဲ့ ဝမ်းလျှောခြင်း၊ အဖျား ၁ဝ၂ ဒီဂရီဖာရင်ဟိုက်နဲ့ အထက်၊ သုံးရက် (သို့မဟုတ်) အဲဒီထက်ပို ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း (သို့မဟုတ်) ရေဓာတ်ခန်းခြောက်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရှိ တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဖုန်းဆက်သင့်အကြောင်းကြားထားဖို့လည်း တိုက်တွန်းထားပါတယ်။
Salmonella လက္ခဏာတွေဟာ ပုံမှန်အားဖြင့် လူတစ်ဦး ဘက်တီးရီးယားကို မျိုချပြီးနောက် ခြောက်နာရီမှ ခြောက်ရက်အတွင်း စတင်လေ့ရှိပြီး လူအများစုဟာ ကုသမှုခံယူစရာမလိုဘဲ လေးရက်မှ ခုနစ်ရက်အတွင်း ပြန်လည်ကောင်းမွန်လာကြလေ့ ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာအောင်မြေမြို့နယ်၌ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ