မဟာအောင်မြေမြို့နယ်၌ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ
စော (NSS) - ဇန်နဝါရီ ၆
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ရန်ဖြစ်ရာမှအမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)၊ ည (၇)နာရီဝန်းကျင်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၈၇လမ်းx၃၆လမ်းထောင့်၌ အထက်ပါကဲ့သို့ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မဏီစလ လူမှု/နာမှု ကူညီရေးအသင်းထံမှသိရသည်။
“ဘေးပတ်ဝန်းကျင်ပြောပုံအရ သူက ဆိုင်ကယ်ကို နှစ်ယောက် တစ်စီးစီနဲ့ လာကြတာပေါ့။ လူက လေးယောက်ပါ။ လာနေရင်းနဲ့ လမ်းမှာ စကားများတာ။ ဒီနားရောက်မှ ရန်ဖြစ်ကြတာလို့ပြောတယ်။ ဓားဒဏ်ရာက ကျွန်တော်တို့ ရှာတာတော့ နှစ်ချက်ပါ။ နောက်ကျောကို ဘယ်ညာနှစ်ဖက်ထိုးခံရတာပါ။ ဆေးရုံရောက်တော့ ဆုံးသွားပါတယ်”ဟု မဏီစလ လူမှု/နာမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓားဖြင့် ထိုးသတ်ခံရသော အမျိုးသားသည် အသက် (၂၄)နှစ်အရွယ်ရှိ ကိုချစ်ပိုဖြစ်ပြီး ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ (၂)ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။
ကိုချစ်ပိုအား မဏီစလ လူမှု/နာမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူ(၅)ဦးသေဆုံးစေခဲ့သည့် ရထားတွဲမီးလောင်မှုက ရည်ရွယ်လုပ်ဆောင်သည့်လုပ်ရပ်တစ်ခုဟု သံသယရှိကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း