လူ(၅)ဦးသေဆုံးစေခဲ့သည့် ရထားတွဲမီးလောင်မှုက ရည်ရွယ်လုပ်ဆောင်သည့်လုပ်ရပ်တစ်ခုဟု သံသယရှိကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ပြော
Pika (NSS) - ဇန်နဝါရီ ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇန်နဝါရီလ(၅)ရက်က ခရီးသည်တင်ရထားတစ်စီး မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အတိုက်အခံပါတီက သပိတ်မှောက်ထားသော ရွေးကောက်ပွဲမတိုင်မီ ဆူပူအုံကြွမှုများအတွင်း ရထားတွဲကို မီးရှို့ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေကြောင်းလည်း သိရသည်။ Jessore မြို့မှ ဒါကာမြို့သို့ ရောက်ရှိလာသော Benapole Express ရထားတွင် အနည်းဆုံးရထားတွဲလေးစင်း မီးလောင်သွားခဲ့ကြောင်း မီးသတ်အရာရှိ Rakjibul Hasan က ပြောကြားခဲ့သည်။
ရဲမှူး Khandaker Al Moin က "ဒီအချိန်အထိတော့ ကျွန်တော်တို့ ရုပ်အလောင်း(၅)လောင်းကို တွေ့ရှိထားပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါ ခရီးသည်တင်ရထားသည် ဒါကာမြို့၏ အစိတ်အပိုင်းဟောင်းတစ်ခုဖြစ်သော အဓိကရထားဘူတာရုံဖြစ် သည့် Gopibagh တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့သည်။ ထို့အပြင် ရာနှင့်ချီသောလူများသည် မီးလောင်ကျွမ်းနေသောရထားအတွင်းမှ လူများကို ဆွဲထုတ်နိုင်ရန်အတွက် အပြေးအလွှား လာရောက်ကူညီခဲ့ကြကြောင်း အမည်မဖော်လိုသူ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားခဲ့ သည်။
၎င်းက "ကျွန်တော်တို့လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မီးကူးစက်မှုက တော်တော်ြမန် ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါရထားပေါ်တွင် ခရီးသွားနေသည့် အိန္ဒိယနိုင်ငံသားအချို့လည်းပါဝင်ကြောင်း Somoy TV က ပြောကြားခဲ့ သည်။ ရဲချုပ် Anwar Hossain က "ဒီဖြစ်ရပ်ဟာ ရည်ရွယ်ပြီး မီးရှို့ခဲ့တဲ့လုပ်ရပ်တစ်ခုလို့ ကျွန်တော်တို့ သံသယရှိပါတယ်" ဟု ပြောခဲ့သည်၊၊
သို့သော်လည်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ၎င်းက ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲများကို ဇန်နဝါရီလ(၇)ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး အတိုက်အခံပါတီ BNP အပြင် ဒါဇင်နှင့်ချီသော အခြားပါတီများသည် အဆိုပါ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုက ရွေးချယ်စရာတစ်ခုမဟုတ်ဘဲ မရှိမဖြစ် အရေးပါသည့်အရာတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း