အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာ မွေးရက်မတူ၊ နှစ်မတူတဲ့အမြွှာရင်သွေး မွေးဖွား
ရောင်နီ (NSS) - ဇန်နဝါရီ ၅
အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာ မိခင်တစ်ယောက်က နေ့ရက်မတူ၊ နှစ်မတူတဲ့ အမြွှာရင်သွေး ၂ ဦးကို မွေးဖွားခဲ့ပါတယ်။
၂ဝ၂၃ ခုနှစ်၊ ၃၁ ရက် နှစ်သစ်ကူးအကြိုနေ့ နံနက် ၆ နာရီခန့်မှာ အီမာဟန်ဖရေ အမည်ရှိ ကိုယ်ဝန်သည်အမျိုးသမီးဟာ ဗိုက်နာခဲ့ပြီး သူမရဲ့သတ်မှတ်ထားတဲ့မွေးရက်ဟာ ဇန်နဝါရီ ၂၆ ရက်ဖြစ်ပေမယ့် သတ်မှတ်ရက်မရောက်ခင် Virtua Voorhees ဆေးရုံမှာ ၃၁ ရက် ည ၁၁ နာရီ ၄၈ မိနစ်မှာ သားအကြီးကိုမွေးဖွားပြီး နောက်ထပ် ၄ဝ မိနစ်မှာ သားငယ်ကို မွေးဖွားခဲ့ပါတယ်။
သားငယ်ကို မွေးဖွားခဲ့ချိန်မှာတော့ ၂ဝ၂၄ ခုနှစ်ကို ဝင်ရောက်သွားပြီပဲဖြစ်ပါတယ်။ အမြွှာညီအစ်ကိုနှစ်ယောက်လုံး ကျန်းမာကြပြီး ဒီလိုမွေးဖွားမှုဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုလို့ ဆိုကြပါတယ်။
အခုလိုတမူထူးခြားတဲ့မွေးဖွားမှုအတွက် ညီအစ်ကိုနှစ်ဦးဟာ လူများစွာရဲ့ကောင်းချီးပေးမှုကို ရရှိထားပါတယ်။ ဒီမွေးဖွားမှုအတွက် ဟန်ဖရေတို့မိသားစုကလည်း အထိမ်းအမှတ်ပွဲတွေ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့တဲ့ နှစ်သစ်ကူး အားလပ်ရက်အတွင်း အမေရိကန်နိုင်ငံသားတွေရဲ့အွန်လိုင်းမှ စျေးဝယ်မှု ဒေါ်လာ ၂၂၂ ဘီလျံ စံချိန်တင်မြင့်တက်ခဲ့
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ