ပြီးခဲ့တဲ့ နှစ်သစ်ကူး အားလပ်ရက်အတွင်း အမေရိကန်နိုင်ငံသားတွေရဲ့အွန်လိုင်းမှ စျေးဝယ်မှု ဒေါ်လာ ၂၂၂ ဘီလျံ စံချိန်တင်မြင့်တက်ခဲ့
ရောင်နီ (NP News) - ဇန်နဝါရီ ၆
ပြီးခဲ့တဲ့နှစ်သစ်ကူး အားလပ်ရက်အတွင်း အမေရိကန်လူမျိုးတွေဟာ ၎င်းတို့ရဲ့အွန်လိုင်းစျေးဝယ်မှုကို အရှိန်မြှင့်ခဲ့ပြီး အီလက်ထရွန်နစ်ပစ္စည်း၊ အရုပ်နဲ့ အခြားပစ္စည်းတွေ ဝယ်ယူမှုဟာ စံချိန်တင် ဒေါ်လာ ၂၂၂ ဘီလျံထိ ရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ကြား အသုံးစရိတ်ဟာ ယခင်အားလပ်ရက် စျေးဝယ်ရာသီထက် ၄.၉ ရာခိုင်နှုန်း တိုးလာတယ်လို့ ကြာသပတေးနေ့(ဇန်နဝါရီ ၄ ရက်) ထုတ် Adobe Analytics အစီရင်ခံစာအရ သိရပါတယ် ။
Adobe ရဲ့အဆိုအရ စျေးဝယ်သူတွေဟာ အထူးလျှော့စျေးတွေအပြင် Buy Now၊ Pay Later ရွေးချယ်မှုတွေနဲ့ ဆွဲဆောင်ခံရပြီး အခုလို အလွန်အမင်းဝယ်ယူမှုတွေဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
Cyber Monday တစ်ခုတည်းမှာပဲ ဈေးဝယ်သူတွေဟာ စံချိန်တင်အွန်လိုင်းစျေးဝယ်မှုအတွက် ဒေါ်လာ ၁၂.၄ ဘီလျံ သုံးစွဲခဲ့တယ်လို့ Adobe က ဖော်ပြခဲ့ပါတယ်။
အွန်လိုင်းစျေးဝယ် လျှော့စျေးတွေဟာ ၂ဝ၂၂ ခုနှစ်က ၂၅ ရာခိုင်နှုန်း မှ ယခုနှစ်မှာ ၃၁ ရာခိုင်နှုန်းထိ စံချိန်တင်မြင့်တက်သွားခဲ့သလို ဝယ်ယူမှုတွေဟာလည်း ယမန်နှစ်ကထက် ၁၄ ရာခိုင်နှုန်းမြင့်တက်လာပြီး စံချိန်တင် ဒေါ်လာ၁၆.၆ ဘီလျံအထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်ချုပ်နဲ့ ပါတီဥက္ကဋ္ဌတွေ တွေ့မယ့်ပွဲက သမိုင်းဝင်မလား-သမိုင်းရဲ့ချောင်မှာ အထိုးခံရမလား၊ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးကို လက်ခံတွေ့ဆုံတဲ့ နစကဥက္ကဋ္ဌ၊ သမိုင်းဂုဏ်မငယ်ဖို့ ပွဲကြီးတစ်ပွဲတော့ နွှဲပြဖို့လိုပြီ (၅-၁-၂ဝ၂၃)
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း