ဘာသာရေးကို အသုံးချပြီး ဥပဒေမဲ့လုပ်ရပ် လုပ်ဆောင်မှုများရှိနေခြင်းကြောင့် လိုအပ်သလို စစ်ဆေးနေရခြင်းဖြစ်သည်ဟု ဒုတပ်ချုပ်ဆို
ယွန်း (NP News) - မတ် ၁၆
မသမာသူများအနေဖြင့် ဘာသာရေးကို အသုံးချပြီး ဥပဒေမဲ့လုပ်ရပ် လုပ်ဆောင်မှုများရှိနေခြင်းကြောင့် လိုအပ်သလို စိစစ်နေရခြင်းဖြစ်ကြောင်း ဒုတပ်ချုပ်က အသိပေးပြောဆိုထားသည်။
နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းက မတ်လ(၁၅)ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်း အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာသာရေးအဖွဲ့အစည်းများ၏ ဘာသာရေး၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ သံသယရှိစရာ အကြောင်းမရှိသော်လည်း ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ရန်လိုသည်ဟု ဒုတပ်ချုပ်က အသိပေးပြောဆိုထားသည်။
ထို့ပြင် မှန်ကန်သော နည်းလမ်း နှင့် အထောက်အပံ့ပေးမှုများကို ရည်ရွယ်၍ လုပ်ဆောင်မှုများရှိခဲ့ပါက သက်ဆိုင်ရာမှ ဌာနဆိုင်ရာများကို အသိပေးလုပ်ဆောင်ရန် ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
ထို့ကြောင့် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများ၊ ဘာသာရေးအသင်းအဖွဲ့များ အပါ အဝင် တပ်မတော်နှင့် သက်ဆိုင်ရာပြည်နယ်အစိုရတို့ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆက် လက်ပြောဆိုခဲ့သည်။
zawgyi version
ဘာသာေရးကို အသုံးခ်ၿပီး ဥပေဒမဲ့လုပ္ရပ္ လုပ္ေဆာင္မႈမ်ားရွိေနျခင္းေၾကာင့္ လိုအပ္သလို စစ္ေဆးေနရျခင္းျဖစ္သည္ဟု ဒုတပ္ခ်ဳပ္ဆို
ယြန္း (NP News) - မတ္ ၁၆
မသမာသူမ်ားအေနျဖင့္ ဘာသာေရးကို အသုံးခ်ၿပီး ဥပေဒမဲ့လုပ္ရပ္ လုပ္ေဆာင္မႈမ်ားရွိေနျခင္းေၾကာင့္ လိုအပ္သလို စိစစ္ေနရျခင္းျဖစ္ေၾကာင္း ဒုတပ္ခ်ဳပ္က အသိေပးေျပာဆိုထားသည္။
နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႈးႀကီးစိုးဝင္းက မတ္လ(၁၅)ရက္တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ဘာသာေရးအသင္း အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဘာသာေရးအဖြဲ႕အစည္းမ်ား၏ ဘာသာေရး၊ လူမႈေရးဆိုင္ရာ လုပ္ေဆာင္မႈမ်ားႏွင့္ပတ္သက္၍ သံသယရွိစရာ အေၾကာင္းမရွိေသာ္လည္း ေျဖာင့္မတ္မွန္ကန္စြာ လုပ္ကိုင္ရန္လိုသည္ဟု ဒုတပ္ခ်ဳပ္က အသိေပးေျပာဆိုထားသည္။
ထို႔ျပင္ မွန္ကန္ေသာ နည္းလမ္း ႏွင့္ အေထာက္အပံ့ေပးမႈမ်ားကို ရည္႐ြယ္၍ လုပ္ေဆာင္မႈမ်ားရွိခဲ့ပါက သက္ဆိုင္ရာမွ ဌာနဆိုင္ရာမ်ားကို အသိေပးလုပ္ေဆာင္ရန္ ၎က ဆက္လက္ေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ ႏိုင္ငံတစ္ဝန္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဒသခံမ်ား၊ ဘာသာေရးအသင္းအဖြဲ႕မ်ား အပါ အဝင္ တပ္မေတာ္ႏွင့္ သက္ဆိုင္ရာျပည္နယ္အစိုရတို႔ ပူးေပါင္းေဆာင္႐ြက္ရန္လိုေၾကာင္း ၎ကဆက္ လက္ေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆက်တိုက်ဖြစ်ပွား
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း