ရွှေတိဂုံစေတီတော်အား ဇန်နဝါရီလ(၁)ရက်မှစတင်၍ အချိန်တိုးမြှင့်ဖူးမြော်ခွင့်ပြုမည်
Pearl (NSS) - ဒီဇင်ဘာ ၂၉
ရွှေတိဂုံစေတီတော်အား ဇန်နဝါရီလ(၁)ရက်မှစတင်၍ အချိန်တိုးမြှင့်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ယမန်နေ့ (ဒီဇင်ဘာလ ၂၈ ရက်)က အသိပေးကြေညာထားသည်။
လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှစတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရန် နံနက် (၅) နာရီမှ၊ ည(၉)နာရီအထိ အချိန်တိုးမြှင့်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများအနေဖြင့် နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ ဖူးမြော်ခွင့်ရကြောင်းသိရသည်။
ယခင် COVID-19 ရောဂါမဖြစ်ပွားခင်အချိန်က ရွှေတိဂုံစေတီတော်မြတ်ကြီးကို နံနက် ၄ နာရီ မှ ည ၁၀ နာရီအထိ ဖွင့်လှစ်ကာ ဖူးမြော်ခွင့်ပြုခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေးအဖြစ် (၂ဝဝဝဝ) ကျပ်၊ သံရုံးများရှိ နိုင်ငံခြားသားများအတွက် ဧည့်ဝင်ကြေးအဖြစ် (၁ဝဝဝဝ) ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း