မိဘအုပ်ထိန်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများပွင့်လမ်းလာမှသာ ကလေးအလုပ်သမားလျော့နည်းမည်ဟုဆို
ကျော်(NSS) - ဒီဇင်ဘာ ၂၀
မိဘအုပ်ထိန်းသူများ၏ အလုပ်အကိုင်အခွင့်အ လမ်း များပွင့်လမ်းလာမှသာ ကလေးအလုပ်သမားများလျော့နည်းလာမည်ဟု ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ပြုလုပ်သည့် ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလေးအလုပ်သမားဖြစ်ရခြင်း၏ အဓိကအခြေခံအကြောင်းရင်းများသည် မိဘအုပ်ထိန်းသူများ အလုပ် လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ မိသားစုဝင်များ ပြား၍ စီးပွားရေးအဆင်မပြေဖြစ်ခြင်း၊ ပညာဆုံးခန်းတိုင်သင်ကြားနိုင်ရေး အခက်အခဲဖြစ်ခြင်းများကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။
"မိဘအုပ်ထိန်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပွင့်လမ်းလာမှသာ ကလေးအလုပ်သမားလျော့နည်းမှာဖြစ်ပါတယ်"ဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က ပြောသည်။
ထို့ကြောင့် ချင်းပြည်နယ်အတွင်း၌ ကျောင်းပြင်ပလူငယ်များအပါအဝင် အလုပ်လုပ်ကိုင်နိုင်သူ ပြည်သူများ အလုပ်အကိုင်ရရှိနိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်နှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူ ရေးကုန်ကြမ်းများကိုအခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)လုပ်ငန်းများအပြင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် KG+9 အထိ မသင်မနေရပညာရေး၊ စက်မှုစိုက်ပျိုးမွေး မြူရေးအထက်တန်းကျောင်းအပါအဝင် နည်လမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံးသင်ကြားပေးနိုင်ရန်လည်း ဆောင် ရွက်ထားကြောင်း ၎င်းကပြောသည်။
ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီမှ ဆပ်ကော်မတီ (၈)ခုဖြင့် ပြည်နယ်အတွင်းကလေးအလုပ်သမားများပပျောက်ရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏ ဆုံးရှုံးမှု စုစုပေါင်းကို ရုရှားအစိုးရ ခန့်မှန်းပြောကြား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း