ယူကရိန်း၏ ဆုံးရှုံးမှု စုစုပေါင်းကို ရုရှားအစိုးရ ခန့်မှန်းပြောကြား
Pika (NSS) - ဒီဇင်ဘာ ၂၁
ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့သည့်အချိန်တည်းက လက်ရှိအချိန်အထိ ယူကရိန်းသည် တပ်ဖွဲ့ဝင်(၄)သိန်း နီးပါး ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် လက်ရှိအချိန်တွင် ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက်မှာ အသာစီးရနေပြီဖြစ် ကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာလ(၁၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆာဂေးရှိုဂူက "စစ်ပွဲစတင်ဖြစ်ပွားတဲ့အချိန်တည်းက ဒီအချိန်အထိ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင် (၃၈၃ဝဝဝ) ဦး သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းဟာ တင့်ကား၊ တိုက်ခိုက်ရေးယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်သယ်ဆောင် တဲ့ သံချပ်ကာယာဉ် (၁၄ဝဝဝ)ကျော်၊ စစ်လေယာဉ်(၅၅၃)စီး၊ ရဟတ်ယာဉ်(၂၅၉)စင်း၊ အမြောက်(၈၅ဝဝ) နဲ့ ဒုံးကျည်ပစ်လွှတ်မှုစနစ် အများအပြားကို ဆုံးရှုံးခဲ့ရပါတယ်" ဟု ပြောခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်ဇွန်လမှ စတင် လုပ်ဆောင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း ယူကရိန်းသည် ၎င်း၏ တပ်ဖွဲ့ဝင်စုစုပေါင်း၏ တစ်ဝက်ကျော် ကို ဆုံးရှုံးခဲ့ရကြောင်း ဆာဂေးရှိုဂူက ခန့်မှန်းပြောခဲ့သည်။
သို့သော်လည်း အဆိုပါတန်ပြန်ထိုးစစ်ဆင်မှုများသည် ယူကရိန်း၏ ထိပ်တန်းအရာရှိများနှင့် အနောက်အုပ်စုနိုင်ငံ များက မျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့ခြင်းမျိုးမရှိခဲ့သည့်အပြင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားဖက်က သိမ်းယူထားသောနယ်မြေများကို ပြန်လည်ရယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။
ရုရှားသည် ၎င်း၏ ရည်မှန်းချက်များကို စွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် ယူကရိန်းနှင့်ပဋိပက္ခတွင် နောက်ထပ် စစ်ရေးလှုပ်ရှားမှုများအတွက် အစီအစဉ်များကျန်ရှိနေသေးကြောင်း ပူတင်က ထုတ်ပြန်ကြေညာခဲ့သည်။ ယူကရိန်း သည် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများကို ရလဒ်များပြသနိုင်ရန်အတွက် ကြိုးပမ်းမှုအဖြစ် ၎င်း၏အရန်ငွေများကို အတိုင်းအတာတစ်ခုအထိ ဖြုန်းတီးပစ်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားကိုအနိုင်ယူနိုင်ရန် မျှော်လင့်နေသော ယူကရိန်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများ ၏ မျှော်လင့်ချက်များလည်း ပျက်ပြားသွားခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့၌ (၁၀)ပေကျော်နက်သော မြောင်းအတွင်းသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ