လားရှိုးမြို့၌ (၁၀)ပေကျော်နက်သော မြောင်းအတွင်းသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
စော(NSS) - ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၁၀)ပေကျော်နက်သော မြောင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အလောင်းကို ယနေ့(ဒီဇင်ဘာလ ၂၀ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် လားရှိုးမြို့၊ ရပ် ကွက်(၅)၊ (၄၃) လမ်း နှင့် (၂၀)လမ်းထောင့်ရှိ မြောင်းထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူ့ကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာတော့မရှိဘူး။ မြောင်းက နက်တယ်။ မရှိဘူးဆိုရင်တော့ (၁၂)ပေ ၊ (၁၃)ပေလောက်ရှိမယ်။ လောလောဆယ်တော့ မိသားစုနဲ့အဆက်အသွယ်မရသေးဘူး။ အသက်ကတော့ (၄၀) ပတ်ချာလည်လောက်ပဲ”ဟု လားရှိုးလူငယ်များ လူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါအမျိုးသားနှင့်ပတ်သက်ပြီး မည်သည့်အချက်အ လက်ကိုမျှမသိရှိရသေးကြောင်း နှင့် သိရှိသူများအနေ ဖြင့် ၎င်း၏ မိသားစုဝင်များထံ ဆက်သွယ်ပေးရန်လည်းမေတ္တာရပ်ခံထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄ ခုနှစ်တွင် ဒရုန်းအစင်းရေ (၁)သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း