၂ဝ၂၄ ခုနှစ်တွင် ဒရုန်းအစင်းရေ (၁)သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတပြော
Pika (NSS) - ဒီဇင်ဘာ ၂ဝ
ယူကရိန်းနိုင်ငံသည် လာမည့်နှစ်တွင် ဒရုန်းအစင်းရေ တစ်သန်းထုတ်လုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဒီဇင်ဘာလ(၁၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ဒရုန်းများသည် ရုရှား-ယူကရိန်းစစ်ပွဲတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လာကြောင်း ဇီလန်စကီး က ပြောခဲ့သည်။ ဇီလန်စကီး က "လာမယ့်နှစ်မှာ ကျွန်တော်တို့ ဒရုန်းအစင်းရေတစ်သန်း ထုတ်လုပ်သွားမှာပါ။ ယူကရိန်းဟာ ခေတ်မီစက်ပစ္စည်းကိရိယာတွေကို ကိုယ်တိုင်ပြုလုပ်လာနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ စစ်သား တွေဟာ သူတို့ရဲ့တပ်ခွဲတွေမှာ ယူကရိန်းထုတ်ဒရုန်းတွေကို လက်ခံရရှိပါလိမ့်မယ်" ဟု ပြောခဲ့သည်။
လက်ရှိဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှား နှင့် ယူကရိန်းနှစ်နိုင်ငံစလုံးသည် ရန်သူများ၏ နေရာများကို ကြည့်ရှုရန်၊ ဖောက်ခွဲရေးပစ္စည်းများ ပစ်ချရန် နှင့် ပစ်မှတ်များကို ဝင်တိုက်ရန်အတွက် ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် ဒရုန်းများသည် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် စေလွှတ်နိုင်သလို ဒရုန်းများမှရရှိသော ထောက်လှမ်းရေးအချက်အလက်များမှတစ်ဆင့် အဆိုပါနေရာများကို တိုက်ခိုက်ရန်လုပ်ဆောင်နိုင်ကြောင်း သိရသည်။ ဒရုန်းကိုအသုံးပြုသည့်စစ်ပွဲများ ပိုမိုအဖြစ်များလာမှုသည် ရုရှားနှင့်ယူကရိန်းကြား လက်နက်ပြိုင် ဆိုင်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။
အဆိုပါအချက်များကြောင့် ယူကရိန်းအစိုးရသည် ရုရှား၏အရေးကြီးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ရန်နှင့် ရုရှား၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် AI နည်းပညာကိုအသုံးပြုရန် စီစဉ်နေကြောင်းလည်း သိရသည်။ ရုရှားတပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုများကို တားဆီးရန် ကြိုးပမ်းမှုအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်များ သည် တစ်လလျှင် ဒရုန်းအစင်းရေ(၁)သိန်းမှ (၁၂ဝဝဝဝ)ကြား လိုအပ်နေကြောင်း ယူကရိန်းအရာရှိများက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ပြည်ပကြွေးမြီးက ခြောက်လအတွင်း အမေရိကန်ဒေါ်လာ(၂ ဒသမ ၆) ထရီလီယံ တိုးလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ