Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်၏ပြည်ပကြွေးမြီးက ခြောက်လအတွင်း အမေရိကန်ဒေါ်လာ(၂ ဒသမ ၆) ထရီလီယံ တိုးလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနပြော

Pika (NSS) - ဒီဇင်ဘာ ၂၁

အမေရိကန်နိုင်ငံ၏ ကြွေးမြီးသည် ဆက်လက်မြင့်တက်လျက်ရှိနေပြီး ဒီဇင်ဘာလအထိ ပြီးခဲ့သည့်ခြောက်လ အတွင်း ကြွေးမြီးမှာ နောက်ထပ်အမေရိကန်ဒေါ်လာ(၂ ဒသမ ၆) ထရီလီယံ ထပ်မံတိုးလာခဲ့ကာ စုစုပေါင်း ကြွေးမြီး ပမာဏ အမေရိကန်ဒေါ်လာ(၃၃ ဒသမ ၈) ထရီလီယံထိ ရောက်ရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောကြား ချက်များအရ သိရသည်။


အခွန်ဖြတ်တောက်မှုများ၊ စီးပွားရေးကို နှိုးဆွပေးသည့် အစီအစဉ်များ၊ အစိုးရအသုံးစရိတ်များ မြင့်တက်လာမှုများ နှင့် အခွန်ရငွေများ ကျဆင်းမှုတို့သည် ကြွေးမြီးများကို ပိုမိုမြင့်တက်လာစေသည့် အကြောင်းအရင်းများဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ 

ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် ဂျွန်ဂျိမ်းစ်က "နိုင်ငံသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၁)သိန်း ကြွေးမြီးနဲ့ တွက်မယ်ဆိုရင်တောင် နိုင်ငံတော်ကြွေးမြီးဟာ အဲ့ဒီထက်ကျော်လွန်သွားပါပြီ။ အစိုးရရဲ့အသုံးစရိတ် မြင့်တက် လာတာတွေဟာ အဓိကအချက်ဖြစ်တယ်ဆိုတာကို အိမ်ဖြူတော်ကို မက်ဆေ့ချ်တစ်စောင် ပေးပို့သင့်ပါတယ်" ဟု ပြောခဲ့သည်။ 


နောက်ဆုံးဘဏ္ဍာရေးအချက်အလက်များအရ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအထိ အစိုးရအသုံးစရိတ် (၁၆)ရာခိုင်နှုန်းနှင့် ညီမျှသည့်ကြွေးမြီးကို ထိန်းသိမ်းရန်အတွက် အမေရိကန်ဒေါ်လာ(၁၆၉)ဘီလျံ ကုန်ကျကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံကြွေးမြီးတွင် အတိုးပေးချေမှုသည် နှစ်စဉ်အခြေခံအားဖြင့် ပြီးခဲ့သည့်အောက်တိုဘာလကုန်အထိ  အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထက် တိုးလာကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒေတာအချက် အလက်များကို အခြေခံကာ Bloomberg ၏ တွက်ချက်မှုများအရ သိရသည်။ အမေရိကန်နိုင်ငံ၏ ပြည်ပကြွေးမြီး သည် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ(၂၀)ထရီလီယံ တိုးလာနိုင်ကြောင်း Bank of America (BoA) ၏ အဆိုအရသိရသည်။

အမေရိကန်၏ကြွေးမြီးသည် လာမည့်ဆယ်နှစ်အတွင်း နေ့စဉ်အမေရိကန်ဒေါ်လာ(၅ ဒသမ ၂) ဘီလျံ တိုးလာနိုင် ဖွယ်ရှိနေပြီး ၂ဝ၃၃ ခုနှစ်တွင် စုစုပေါင်းကြွေးမြီးပမာဏမှာ အမေရိကန်ဒေါ်လာ(၅၄)ထရီလီယံထိရှိလာနိုင်ကြောင်း  (BoA) က ပြီးခဲ့သည့်လတွင် သတိပေးပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖာပွန်ခရိုင်ရှိ တပ်မတော်လုံခြုံရေးစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU ထုတ်ပြန်

RECENT POSTS
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved