ဖာပွန်ခရိုင်ရှိ တပ်မတော်လုံခြုံရေးစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု KNU ထုတ်ပြန်
ကျော်(NSS) - ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတတြော်)ရှိ တပ်မတော်လုံခြုံရေးစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)တွင် ထုတ်ပြန်ထားသည်။
ဖာပွန်ခရိုင် (မူတတြော်) ရှိ တပ်မတော်လုံခြုံရေးစခန်းဖြစ်သည့် ပွိုင့်-၉၃၉ မိုလိုကျိုးစခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU ဗဟို၏ထုတ်ပြန်ချက်အရ သိရသည်။
ပွိုင့်-၉၃၉ မိုလိုကျိုးစခန်းအား KNLA ၊ KNPP နှင့် KNPLF ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် နိုဝင်ဘာ လ ၂၄ ရက်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ယနေ့၌ ပွိုင့်- ၉၃၉ မိုလိုကျိုးစခန်း လက်အောက်ရှိ စော်ထာစခန်းမှ လုံခြုံရေးအဖွဲ့ဝင်များ သည်လည်း စခန်းအားထား၍ ထွက်ခွါသွားခဲ့ကြကြောင်း KNU ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စခန်းများအတွင်းမှ ၈၁ မမ စိန်ပြောင်း၊ RPG-7 ၁ လက်၊ K-3 မော်တာ ၃ လက်၊ K-3 ၁၆ လက်၊ G-3 ၁ လက်၊ စက်လတ် ၁ လက်၊ BKM စက်လတ် ၁ လက်၊ အသေးစား စက်လတ် ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ၉ မမ ပစ္စတို ၂ လက်၊ ခွင်းဗုံး ၁၇ လုံး၊ လက်ပစ်ဗုံး ၁၂ လုံး၊ 14 mm နင်းမိုင်း ၉၁ လုံး၊ 16 mm နင်းမိုင်း ၁၂ လုံး၊ တိုက်မိုင်း ၁၂ လုံး၊ ရှေ့ထွက်မိုင်းပြား ၈ ချပ်၊ မိုင်းရှင်းစက် ၁ လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံး၊ ဒရုန်းပစ်သေနတ် ၁ လက်နှင့် ကျည်/ခဲယမ်းများစွာကိုသိမ်းဆည်းရမိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုးမရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မတ္တရာမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း